ep 28

15.1K 1.4K 180
                                    

အနှိုင်းမဲ့က ပြန်လွှတ်လာပြီး နစ်နာသူအမျိုးသမီးငယ်က အမှန်အတိုင်းထွက်ဆိုချက်ပေးလိုက်ပြီဟု မိုးဝေကြားတော့ သူ ဦးလကျာ်ဆီသို့ အပြေးရောက်လာလေသည် ။

'' ဒုဥက္ကဋ္ဌ ကျွန်တော့်ကိုကယ်ပါဦး ........... ။ သိပ်မကြာခင် ရဲတွေ ကျွန်တော့်ဆီရောက်လာတော့မှာ ။ ကျွန်တော်အဖမ်းခံလို့ မဖြစ်သေးဘူး ''

ဦးလက်ျာသည် သူ့ရဲ့မျက်ရိုးကို တစ်ချက်နာနာဖိနှိပ်ကာ ဟက်ဟက်ပက်ပက်ရယ်လိုက်သည် ။

ဒီအရူးကောင်ကတော့ တကယ်ပဲ ...........

'' အနှိုင်းမဲ့ကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့ ငါညွန်ကြားထားတာ ရှိဖူးလား ။ ငါသူ့ကို သဘောမကျတာတော့ ၀န်ခံပါတယ် ။ ဒါပေမယ့် ဒီလောက်ထိညစ်ပတ်တဲ့နည်းကိုသုံးပြီး သူ့ကို ဆွဲချဖို့ ငါမစဉ်းစားဖူးဘူး ''

မထင်မှတ်ဘဲ ဦးလက်ျာထံမှ ငြင်းဆိုခြင်းကို ခံလိုက်ရ၍ မိုးဝေကြက်သေသေသွားသည် ။ ငြင်းဆိုခံရတာထက် သူကအသုံးမ၀င်တော့လို့ စွန့်ပစ်လိုက်တာဟု ပြောလျှင် ပိုမှန်မည် ။ သူအရမ်း တုံးအတာပဲ ။ ဦးလက်ျာလိုလူကိုယုံပြီး အကူညီတောင်းခံခဲ့မိတာ ။ ဆွေမျိုးရင်းချာ အနှိုင်းမဲ့အပေါ်တောင် မကောင်းတာ သူစိမ်းဖြစ်တဲ့သူ့လိုလူကို ဒီလူကြီးက စွန့်ပစ်ဖို့ ဘယ်လိုဝန်လေးပါ့မလဲ ။

'' နောက်ဆုံးတော့ ခင်ဗျားက ဘုန်းကို ခင်ဗျားလက်နဲ့မသတ်ဘဲ ကျုပ်လက်နဲ့သတ်ခိုင်းပြီးမှ ကျုပ်ကို ထိုးကျွေးတော့မယ်ပေါ့ ''

'' No..No........မင်းအထင်လွဲနေပြီ ။ မင်းက ငါ့အတွက်အလုပ်လုပ်တာမှ မဟုတ်တာ ။ မင်းရဲ့အကျိုးအမြတ်အတွက် မင်းလုပ်ခဲ့တဲ့ကိစ္စအတွက် ငါ့ကို ဘာကြောင့်အပြစ်တင်ရတာလဲ ။ မင်းသာ ဉာဏ်ကောင်းရင် ငါ့ဆီတောင်မလာသင့်ဘူး ။လေဆိပ်ကို တန်းသွားသင့်တာ ''

ဦးလက်ျာသည် သူလေလံဆွဲလို့ရလာသည့် ကြွေအိုးကိုသာ ဂရုတစိုက်ပွတ်သပ်နေကာ အရှေ့က မိုးဝေကိုရှိတယ်လို့ပင် မထင်၍ မိုးဝေသည် ဒေါသချောင်းချောင်းထွက်နေလေသည် ။ သို့သော် သူတတ်နိုင်တာက ဘာမှမရှိ ။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဦးလက်ျာ၏ ရုံးခန်းကပြန်ထွက်အလာ ကုမ္ပဏီပြင်ပရောက်တော့ ဘယ်ကတည်းကရောက်နေမှန်းမသိသည့် စစ်ဆေးရေးမှူးတို့သည် သူ့အား စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းခေါ်သွားလေသည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now