သူရှိရာဆီသို့ ( Zawgyi & Unicode )

4.7K 302 3
                                    


( Zawgyi )

" Park Jimin "


" ဗျာ "

" အထုတ်အပိုးတွေ အဆင်သင့်ဖြစ်ပြီလား "

" ဟုတ်... ဟုတ်ကဲ့ မေမေ "

" ဒါဆို Yoo Jung နဲ့လိုက်သွားတော့ "

Min မသွားချင်ဘူး။ Omma နဲ့ပဲနေချင်တယ်။ အဒေါ် Yoo Jung နောက်ကိုမလိုက်ပြစေနဲ့။ Min ရင်ထဲကအော်ဟစ်နေပေမဲ့ အပြင်မှာတော့ Min ရဲ့ နီရဲရဲနှုတ်ခမ်းဖူးဖူးစိုစိုလေးတွေက တင်းတင်းစေ့နေခဲ့တယ်။

ဒါ...Omma ရဲ့အမိန့်ပဲ။
Min မနာခံလို့မရဘူးဆိုတာလည်း သိနေခဲ့တယ်။
တည်တဲ့နေတဲ့ မေမေ့မျက်နှာကို မော့ကြည့်ကာ Min ရင်ထဲ ဝမ်းနည်းစိတ်လေးများတိုးဝင်လာခဲ့တယ်။


" ဘာငိုင်နေတာလဲ ၊ အထုတ်တွေသွားယူလေ "

ဝေ့တက်လာတဲ့ မျက်ရည်လေးတွေကို သုတ်ကာ အခန်းထဲဝင်ခဲ့ပြီး ကုတင်ပေါ်တွင်တင်ထားတဲ့ လက်ဆွဲအိတ်လေးကို ဆွဲယူကာ ဘယ်အချိန်မှ ပိုင်ဆိုင်ခွင့်ရမှန်းမသိတဲ့ အိပ်ခန်းလေးကို နောက်ဆုံးအကြိမ် နှုတ်ဆက်သည့်အနေနဲ့ ငေးမောစွာကြည့်လိုက်မိသည်။

" Jimin "

" ဗျာ "

အောက်ထပ်မှ Omma ခေါ်သံကြောင့် Jimin ပြန်ထူးမိလိုက်သည်။

" ဘာလို့ ထွက်မလာသေးတာလဲ "


Omma ရဲ့စကာသံကြောင့် အထုတ်လေးဆွဲပြီးထွက်လာခဲ့လိုက်သည်။

အပေါ်ထပ်ကနေ လှေကားလေးအတိုင်း ဆင်းလာနေတဲ့ Jimin လေးကိုကြည့်ပြီး Eun Seo တစ်ယောက်ကျေနပ်စွာပြုံးပစ်လိုက်သည်။ ခေါင်းစခြေဆုံး တစ်ချက်စစ်ဆေးပြီး ခေါင်းကို ညိတ်လိုက်၏။

" Yoo Jung ခေါ်သွားလို့ရပြီ "

Omma ရဲ့သတိပေးစကားကြောင့် ထိုင်နေရာကာ ထကာ

" ပေး... Jimin Arjima သယ်ပေးမယ် "

Jimin လေးလက်ထဲက အိတ်လေးကို လှမ်းယူလိုက်သူက အလုပ်သမားပွဲစား Yoo Jung ။

Love is Where stories live. Discover now