( Zawgyi )
" မေမေကြီး... မေမေကြီး ဆရာနဲ့ဆရာကတော်တို့ ပြန်လာကြတယ် "
" ဘာ "
" ဟုတ်တယ်မေမေကြီး၊ ဆရာနဲ့ဆရာကတော်တို့ အခုပဲ အိမ်ကိုရောက်လာကြပြီ၊ မေမေကြီး ဝမ်းသာအောင်အကြောင်းမကြားပဲ ပြန်လာကြတာတဲ့ "
အဘွား Min Jeong တစ်ယောက် အိမ်တော်ထိန်း Choi ပြောပြနေတဲ့ စကားကိုနားထောင်ပြီး နှလုံးခုန်သံပင်မမှန်ချင်တော့။ သားဖြစ်သူနဲ့ ချွေးမတို့ မိမိဆီပြန်ရောက်လာခဲ့ပြီ။
ဒါကိုမိမိလုံးဝမသိခဲ့ရချေ။
အိမ်တော်ထိန်း Choi လာပြောမှသာ သိခွင့်ရခဲ့သည်။ ဒါကြောင့် ခြံထဲ ကားဟွန်းသံအကျယ်ကြီးတီးပြီး ဆူညံနေပါတယ်မှတ်တယ်။ သားဖြစ်သူတို့ ပြန်ရောက်လာကြတာကိုး။" အခု သူတို့ဘယ်မှာလဲ "
" ဧည့်ခန်းမှာလေ မေမေကြီး "
" အေး.. အေး ငါ့ကိုတွဲပေးစမ်း။ ဝမ်းသာပြီး စိတ်တွေလှုပ်ရှားလွန်းလို့ ခြေလှမ်းတွေတောင် ခွေယိုင်နေပြီ "
" ဟုတ်ကဲ့ "
အိမ်တော်ထိန်း Choi တစ်ယောက် အဘွား Min Jeong ကို လက်မောင်းလေးမှ သေချာတွဲကာ အောက်ထပ်သို့ လှေကားထစ်လေးများအတိုင်း တစ်ထစ်ခြင်း ဆင်းနေမိသည်။
" တော်တော်ဆိုးတဲ့ဟာတွေ၊ ပြန်လာမှာများ ကြိုကြိုတင်တင် အကြောင်းမကြားထားဘူး၊ ကြိုတင်ဝမ်းသာရအောင် ဖုန်းတစ်ချက်လှမ်းမဆက်ဘူးကွယ် "
" အခုလည်း မေမေကြီး ဝမ်းသာအံ့ဩနေတာပဲ မဟုတ်လား "
" ဒါပေါ့... ဪ ဒါနဲ့ မြေးလေးရော သူ့မိဘတွေပြန်လာတာ သိရဲ့လား "
" Yoongi Jimin လေးနဲ့ အပြင်ထွက်သွားတယ်လေ "
" ဟေ... ထွက်ကြပြန်ပြီလား "
" ဟုတ်ကဲ့ မေမေကြီး "
" ဒီနှစ်ယောက်တော့ မဟုတ်သေးပါဘူး၊ အားနေအပြင်ပဲထွက်နေကြတာပဲ၊ ရိုးတော့မရိုးဘူး "
YOU ARE READING
Love is
RomanceMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...