လိပ်စာလေး ( Zawgyi & Unicode )

1.5K 212 4
                                    

( Zawgyi )

" လက်မခံနိုင်ဘူး၊ အခုကိစ္စကို လုံးဝလက်မခံနိုင်ဘူး၊ တစ်ဦးတည်းသောမြေးကို ဘာအခြေအမြစ်မရှိတဲ့ သူတစ်ယောက်နဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး ပြီးတော့ ယောက်ျားလေး "

အဘွား Min Jeong တစ်ယောက် မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်ကာ စူးစူးဝါးဝါး ထအော်၏။ Seo Yeon မမှုပါ။ သားအတွက် အရာအားလုံးကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ထားမိသည်။

သားခံစားနေရတာကို လုံးဝမကြည့်ရက် ပြီးတော့
ဘာမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ တစ်သက်လုံး နာကြည်းနေမှာကိုလည်းမလိုလား။ဒါကို အဘွား Min Jeong က ခါးခါးသီးသီးပင် ကန့်ကွက်နေ၏။

" ရူးနေပြီလား Seo Yeon ၊ ကိုယ့်သားသမီးကို ပြည့်စုံနေတဲ့ ဘဝထဲကနေ ရက်ရက်စက်စက် ဆွဲထုတ်ဖို့ ကြိုးစားနေတာပဲ၊ ဘယ်မိဘမဆို ကိုယ့်သားသမီးကောင်းစားတာကိုပဲ မြင်ချင်ကြတာ ဆင်းဆင်းရဲရဲဖြစ်သွားတာကို မမြင်ချင်ကြဘူး၊ ဒါကို ညည်းက မြင်ရက်တယ်ဆိုတာ အံ့ဩစရာပဲ "

" မေမေ ကျွန်မဘယ်လောက်ပဲတားတား သားက Jimin ကိုပဲချစ်နေတာလေ၊ Jimin ကြောင့် သားခံစားနေရတာတွေ ကို ဘယ်လိုနှလုံးသားနဲ့ ဒီတိုင်း လက်ပိုက်ကြည့်နေရမှာလဲ "

" ကြည့်သင့်ရင် ကြည့်ရမှာပဲ Seo Yeon ၊ ဒါက တစ်ဘဝလုံးနဲ့ သက်ဆိုင်တယ် "

" သား.. သားကိုသနားတယ် "

" တော်စမ်းပါ Seo Yeon ရယ်၊ ညည်းချစ်တယ်ဆိုတာ ငါအိပ်နေသလောက်ပဲရှိတယ်၊ ငါ့မြေးရဲ့ အနာဂတ်ကို စတေးပြီး ချစ်ပြတာမျိုးတော့ လုံးဝမလုပ်နိုင်ဘူး "

" မေမေ "

ထိုတားဆီးသံသည် တစ်ချိန်လုံး ပွဲကြည့်ပရိတ်သတ် တစ်ယောက်လို ထိုင်ကြည့်နေတဲ့ Min Jae Hyung ထံမှ ထွက်လာခြင်း ဖြစ်သည်။

မေမေဟာ လွန်ကျူးနေပါပြီ။
မိမိတုန်းကလည်း အခုလိုပဲ အတ္တကြီးစွာ အတင်းအကြပ် လုပ်ဖူးသည်။ သူ့အချစ်တွေကို အလေးမထားဘဲ အပိုင်းပိုင်းဖြစိအောင် လုပ်ခဲ့ဖူးသည်။ တော်လောက်သင့်ပါပြီ။ အဲ့လောက်ထိ ရက်စက်ရရင်ပဲ မေမေတော်သင့်နေပါပြီ။

Love is Where stories live. Discover now