ကာကွယ်ခြင်း ( Zawgyi & Unicode )

1.7K 238 7
                                    

( Zawgyi  )

Jimin ဆိုတဲ့ ကောင်လေးတစ်ယောက် Yoongi ဆိုတဲ့ ကျွန်တော့်ဘဝထဲကို မထင်မှတ်ဘဲ တိုးဝင်လာခဲ့သည်။ဘယ်ဘဝကရေစက်ကြောင့်မှန်းမသိပါ Jiminကို ကျွန်တော်တအားကို ခင်တွယ်မိသွားတာ အမှန်ပင်။
ကျွန်တော့်အနားသူရှိနေတာကိုပဲ ကျေနပ်နေမိသည်။

အခုဆို Jimin တစ်ယောက် ဒီခြံကြီးထဲကိုရောက်နေခဲ့တာ လူပျိုလေးပင် ဖြစ်နေခဲ့ပြီ။ ဖြူသော အသားအရည်၊ နုသောမျက်နှာလေးအပြင် ရိုးသားသော အသွင်လေးကြောင့် ရပ်ကွက်ထဲက မိန်းကလေးများသာမက ယောက်ျားလေး အတော်များများရဲ့ ပါးစပ်ထဲမှာ Jimin ဆိုတဲ့နာမည်လေးက စွဲထင်နေတော့၏။

Yoongi ၊ Jimin ကို မနာလိုတာ အဲ့ဒါပါပဲ။
အမြဲ Jimin ရဲ့ဂုဏ်သတင်းက မွှေးနေတတ်တာလေ။ Yoongi လည်းချောတာပါပဲ။ ငွေကြေးချမ်းသာပြည်စုံတဲ့အရှိန်ကြောင့် Yoongi ရဲ့ပုံစံက နှင်းဆီပျိုတို့ရဲ့ ရင်ခုန်သံကို အနည်းငယ်တော့ တုန်လှုပ်စေသည်။

ငွေကြေးကြောင့် အနားကပ်နေကြတာမို့ အဲဒီကောင်မလေးတွေကို အထင်မကြီးပါ။ Yoongi လိုချင်တာ တကယ့်ကိုဖြူစင်တဲ့ချစ်ခြင်းပဲ။ သို့ပေမဲ့ အခုချိန်ထိ Yoongi ရှာမတွေသေး။

" Jimin "

အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီပေးနေသော Jimin က ခေါ်သံကြောင့် လှည့်ကြည့်၏။ တီရှုပ်ပွပွ ဂျင်းဘောင်းဘီအရှည်နှင့် ချေမောနေသော Jimin မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ Yoongi စိတ်မရှည်သောလေသံဖြင့်...

" မင်း အခုတလော တစ်ခြံကျော်က Yeon Byul ဆိုတဲ့ ကောင်မလေးနဲ့ တွဲဖြစ်နေတယ်ဆို "

" ဗျာ"

" မင်း... မလွန်လွန်ဘူးလား Jimin "

" ဘာ... ဘာကိုလဲ အစ်ကိုလေး Yoongi "

" ကောင်မလေးတွေနဲ့ပဲ တစ်ချိန်လုံး တပူးတွဲတွဲနေတာကိုပေါ့ကွ "

" ဒါ..ဒါက... ရိုးရိုးသားသားခင်တာပါ "

" ဘာပြောတယ်၊ ရိုးရိုးသားသားခင်တာ ဟုတ်လား၊ အဟွန်း ယုံအောင်လည်း ဖြီးပါကွာ၊ ငါက ငထုံငအမဟုတ်ဘူး "

Love is Where stories live. Discover now