ဝေးရာဆီသို့ ( Zawgyi & Unicode )

1.5K 203 6
                                    


( Zawgyi )

" မေမေကြီး အောက်ထပ်မှာ ဧည့်သည်တွေရောက်နေပါပြီ "

အိမ်ဖော်ကောင်မလေးရဲ့ အသိပေးသံကြောင့် ဒေါ် Eun Seo တစ်ယောက် စိတ်လှုပ်ရှားကာ အသားတွေပင် တုန်သွားရသည်။

ရောက်နေကြပြီတဲ့။
သူတို့တွေ ရောက်နေကြပြီတဲ့လေ။

Yoongi နဲ့ Jimin တို့နှစ်ယောက်ကိစ္စအတွက် လူကြီးချင်းဆွေးနွေးရအောင် မိမိအိမ်ထဲကို ရောက်နေကြပြီတဲ့လေ။

ဟား... ဟား
ဟား... ဟား

ဒေါ် Eun Seo တစ်ယောက် မှန်တင်ခုံရှေ့တွင်ထိုင်ကာ အလှပြင်ရင်း တစ်ယောက်တည်း သဘောတွေကျကာ အော်ရယ်မိလိုက်သည်။ ဒီလိုနေ့ကိုရောက်ဖို့ ဘယ်လောက်တောင် စောင့်ခဲ့ရပါလိမ့်။ ဘယ်လောက်ထိ အစီအစဉ်တွေချပြီး ကျကျနနဖြစ်အောင် ရေးဆွဲခဲ့ရလဲဆိုတာ မိမိကိုယ်တိုင် အသိဆုံးပင် ဖြစ်သည်။

တစ်သက်လုံး မက်ချင်နေခဲ့တဲ့ အိမ်မက်ကို မက်ခွင့်ရခဲ့ပြီ။

ဒေါ် Min Jeong
အခုတော့... ကိုယ်တိုင် ရောက်လာခဲ့ပြီပေါ့။

Jimin မှာလည်း အောက်ထပ်မှာ Hyung နဲ့ အတူ Hyung မိဘတွေပါလိုက်ပြီး ကိစ္စအဝဝကို တိုင်ပင်ဆွေးနွေးဖို့အတွက် ရောက်နေကြပြီဆိုတဲ့ သတင်းလေးကြောင့် ထခုန်မိမတတ်
ဝမ်းသာပျော်ရွှင်သွားရသည်။

Hyung ...
Hyung ရယ်
ကျွန်တော့ကို အဲ့လောက်တောင်ပဲ ချစ်ရသလား။

Hyung ရဲ့အချစ်တွေဟာ အဲ့လောက်တောင်ပဲ ကြီးမားနေရသလား Hyung ရယ်။ မနေ့ညက ဒေါ် Yoo Jung ကဖုန်းလှမ်းဆက်ပြီး မေမေနဲ့ ပြောဆိုသံတွေကို ကြားခဲ့ရတယ်။ Hyung က ကျွန်တော်
ဘယ်မှာရှိနေသလဲဆိုတာ သိချင်လို့ ဒေါ် Yoo Jung နေတဲ့အိမ်ဆီ မိုးလင်းကနေ မိုးချူပ်တဲ့အထိ နေတိုင်းလာလာစောင့်နေသတဲ့လေ။ Hyung က ကျွန်တော့်ကို တော်တော်လေး စွဲလမ်းနေတာတဲ့။

ဒါနဲ့ပဲ...အိမ်လိပ်စာကို ပေးလိုက်ပြီတဲ့။ Hyung တို့ မိသားစုတွေ ဒီအိမ်ကို ရောက်လာနိုင်သည်ဟု ကြိုတင် သတိပေးလာ၏။ မေမေကတော့ သဘောတွေ အကျကြီးကျပြီး Hyung ကိုလည်း ချီးမွမ်းနေသံကို ရှားရှားပါးပါး ကြားခဲ့ရတယ်။

Love is Where stories live. Discover now