ရောက်ရှိခြင်း ( Zawgyi & Unicode )

2.1K 247 3
                                    


( Zawgyi )

" စံတော်အိမ် "

ကားအဝင်တံခါးတွင် သစ်သားစာလုံးကြီးတွေနဲ့ ထွင်းထုထားသော ဆိုင်းဘုတ်လေး။

ထိုဆိုင်းဘုတ်လေးကိုဖတ်ပြီး Jimin စိတ်ထဲ ကြောက်စိတ်လေးတွေ တိုးဝင်လာလေသည်။ရပ်နေသော ခြေထောင်တို့ပင် မခိုင်ချင်တော့။ အဒေါ် Yoo Jung ရဲ့ အဆက်အပြတ်နှိပ်နေတဲ့ Bell သံကြောင့်

" ဘယ်သူနဲ့တွေ့ချင်လို့လဲ ခင်ဗျာ "

အသံလာရာကြည့်လိုက်တော့အသားညိုညိုထောင်ထောင်မောင်းမောင်းခြံစောင့်ဦးလေးကြီးကိုတွေ့လိုက်ရ၏။

" ကျွန်မ ပွဲစား Yoo Jung ပါ၊ အစ်မကြီး Min Jeong ကမှာထားလို့လာခဲ့တာပါ "

" ခဏစောင့်ဦးနော် "

" ဟုတ်ကဲ့ "

ထိုလူကြီးက ပြန်လှည့်ထွက်သွားပြန်၏။
သိပ်မကြာပါ ထိုလူကြီးပြန်ရောက်လာပြီး တံခါးချပ်ကလေးအားဖွင့်ပေးလေ၏။

" ဝင်ကြ... အစ်မကြီး Min Jeong စောင့်နေတယ် "

" ဟုတ်ကဲ့ရှင့် "

အဒေါ် Yoo Jung နောက်က ကုပ်ကုပ်လေးခိုက်ဝင်လိုက်တဲ့ Jimin လေးကို ထိုလူကြီးက စိုက်ကြည့်နေတာမို့ ကြောက်ဒူးလေးတွေပင် တုန်သွားရသည်။

" ဒီကောင်လေးကို လာပို့တာလား "

" ဟုတ်ကဲ့ရှင့် "

" ဖြစ်ပါ့မှလား..... ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ သေးသေးလေး "

" ရှင် "

ထိုလူကြီးရဲ့စကားကြောင့် အဒေါ် Yoo Jung အကြည့်တွေက ထိုလူကြီးဘက်ကိုရောက်သွားရ၏။ ထိုလူကြီး ဘာကိုဆိုလိုမှန်းတော့ သိပုံမရ။

" သခင်လေးအကြောင်း သိပြီးပြီလား "

" ဟင့်အင်း "

" ကောင်းလိုက်ပါပေ့ "

လူကြီးက သူ့နဖူးသူရိုက်ကာ တအံ့တဩရှိနေတော့သည်။

Love is Where stories live. Discover now