Final ( Zawgyi & Unicode )

2.7K 284 30
                                    


( Zawgyi )

" ဟား... ဟား "

" ဟား... ဟား "

ဒေါ် Eun Seo တစ်ယောက် အကြီးအကျယ် အောင်ပွဲခံနေသည်။ မိမိရှေ့တွင် ဒေါ် Min Jeon တစ်ယောက် ဘာစကားမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံပြန်သွားတဲ့ရပုံကို ပြန်မြင်ယောင်မိတိုင်း ဘဘောတွေ အကြီးအကျယ်ကျကာ အသံထွက်ပြီး အော်ရယ်ပစ်လိုက်သည်။

မေမေရယ်။
အရမ်းကို ပျော်ရွင်နေသတဲ့လား။
ဒေါ် Min Jeong ကိုအနိုင်ရခဲ့လို့ မေမေ သိပ်စိတ်ချမ်းသာနေသတဲ့လား။

Yoongi နဲ့ Jimin ကို လုံးဝသဘောမတူနိုင်ပါဘူးလို့ အထက်စီးကနေ ငြင်းပယ်လိုက်နိုင်တာကို မေမေ သိပ်ပြီးကျေနပ်နေသလားဟင်။

ကျွန်တော်ရဲ့အချစ်တွေကို နင်းချေပြီး အောင်ပွဲခံလိုက်စမ်းပါ။ ကျေးဇူးရှင် မေမေရဲ့ ဝမ်းသာပျော်ရွင်မှုကို ရယူချင်လို့ မေမေ လျှောက်ခိုင်းခဲ့တဲ့ လမ်းအတိုင်း တသွေမတိမ်း လိုက်နာပြီး လျှောက်လှမ်းခဲ့တာလေ။ အဲ့ဒီလို လုပ်ခဲ့မိတဲ့အတွက် နောင်တမရပါဘူး။

ဒါပေမယ့်လည်း မေမေရယ်...
ကျွန်တော်လေ မေမေနဲ့အတူ အောင်ပွဲမခံနိုင်ဘူး။
Hyung ကို ရက်ရက်စက်စက်ထားခဲ့ရလို့ ကျွန်တော် ဂုဏ်မယူနိုင်ဘူး မေမေ။

Hyung အချစ်တွေကို စော်ကားပြီး ရင်ထဲ ဘာမှမခံစားရ သလို အောင်ပွဲမခံနိုင်ဘူးမေမေရယ်။

အဲ့ဒီအတွက်...
ကျွန်တော်ကို ခွင့်လွှတ်ပါ။
မေမေ နားလည်ပေးပါနော်။

Jimin တစ်ယောက် အောင်ပွဲခံပွဲ ကျင်းပနေရာမှ ဝမ်းနည်းစွာပင် ကျောခိုင်းထွက်ခဲ့မိသည်။

သစ်ပင်ကြီးအောက်တွင် ထိုင်ချကာ ငိုပစ်လိုပ်တော့သည်။

Hyung ကျွန်တော့်ကိုခွင့်လွှတ်ပါ။ ငယ်ငယ်ကတည်းက မေမေထားရာနေ၊ မေမေစေရာသွား၊ မေမေခိုင်းတာလုပ်ပေးရတဲ့ နယ်ရုပ်တစ်ရုပ်ပါ။

ကျွန်တော့်ဘဝကို ကျွန်တော်မပိုင်ပါဘူး။
ကျွန်တော့်အချစ်ကိုလည်း ကျွန်တော်မပိုင်ပါဘူး Hyung ။

Love is Where stories live. Discover now