အားငယ်မိခြင်း ( Zawgyi & Unicode )

1.8K 255 13
                                    

( Zawgyi  )

" အဟွတ်...  အဟွတ် "

" ဝေါ့ "

" Jimin ... ၊ မင်း သတိရပြီလား "

လည်ချောင်းတစ်ခုလုံး ယားယံကာ ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေသည့်ကြားက Jimin  ခေါင်းလေးညိတ်ပြမိသည်။

လူကတော့ အခုထက်ထိတိုင် မြက်ခင်းပြင်မှာ ပက်လက်။

Jimin ဘာဖြစ်သွားလဲဆိုတာကို ကောင်းကောင်းသိလိုက်တဲ့အတွက် အခုလို မြက်ခင်းစိမ်းပေါ် ရောက်နေတာကို အံ့ဩနေရသည်။

ဘေးနားမှာလည်း သူ့ကိုစိုးရိမ်တကြီး စိုက်ကြည့်နေတဲ့ Yoongi။

ဒါဆို...

သူ့ကို ရေထဲက ဆယ်ထုတ်ခဲ့တာ အစ်ကိုလေး Yoongi ပေါ့။

Jimin ...
သေပြီထင်ထားတာ။

မပြောမဆို ရေထဲတအားခုန်ချလိုက်တဲ့ Jimin
ခြေထောက်တွေ လက်တွေကို အသည်းအသန် ရုန်းခတ်လိုက်သော်လည်း ပါးစပ်ထဲ၊  နှာခေါင်းထဲ၊  မျက်လုံးထဲ တိုးဝင်လာတဲ့ ရေတွေကို ဘယ်ဘိုမှမတားဆီးနိုင်ဘဲ ရုန်းကန်ရင်း ပြန်မြုပ် သွားရသည်။
ကျန်တာကတော့ ဘာမှမသိတော့။

Jimin မျက်လုံးတွေ ဖွင့်နိုင်တဲ့အချိန်မှ ရေထဲမှာ မဟုတ်ဘဲ ကန်ဘောင်ဘေးက မြက်ခင်းစိမ်းလေးပေါ်မှာ ရောက်နေပြီလေ။

" Jimin .... မင်းကွာ မပြောမဆိုနဲ့ ဘယ်လိုလုပ်လိုက်တာလဲ၊ သေတော့မှာပဲ၊ အဲဒီလို မဟားတရား ရမ်းသန်းခုန်ချရသလားကွ၊ ငါတောင်လန့်သွားတာပဲ "

" ............. "

Jimin ဘာမှပြန်မဖြေနိုင်။ သေလောက်အောင် ကြောက်ရွံ့နေမိသည်။

ရေကူးဘောင်းဘီအတိုလေးနဲ့ အပေါ်ပိုင်းဗလာကျင်းနေသော ခန္နာကိုယ်လေးကို စိုးရိပ်တကြီး ငုံမိုးကြည့်ကာ ဆူပူနေတဲ့ အစ်ကိုလေးကိုကြည့်ပြီး အသံလေးတွေ တိတ်ဆိတ်နေမိသည်။

" ထ ... ငါ မင်းကို တွဲပြီးလိုက်ပို့ပေးမယ် "

" ရပါတယ် "

Love is Tahanan ng mga kuwento. Tumuklas ngayon