( Zawgyi )" Park Jimin "
" ဗျာ "" အထုတ်အပိုးတွေ အဆင်သင့်ဖြစ်ပြီလား "
" ဟုတ်... ဟုတ်ကဲ့ မေမေ "
" ဒါဆို Yoo Jung နဲ့လိုက်သွားတော့ "
Min မသွားချင်ဘူး။ Omma နဲ့ပဲနေချင်တယ်။ အဒေါ် Yoo Jung နောက်ကိုမလိုက်ပြစေနဲ့။ Min ရင်ထဲကအော်ဟစ်နေပေမဲ့ အပြင်မှာတော့ Min ရဲ့ နီရဲရဲနှုတ်ခမ်းဖူးဖူးစိုစိုလေးတွေက တင်းတင်းစေ့နေခဲ့တယ်။
ဒါ...Omma ရဲ့အမိန့်ပဲ။
Min မနာခံလို့မရဘူးဆိုတာလည်း သိနေခဲ့တယ်။
တည်တဲ့နေတဲ့ မေမေ့မျက်နှာကို မော့ကြည့်ကာ Min ရင်ထဲ ဝမ်းနည်းစိတ်လေးများတိုးဝင်လာခဲ့တယ်။
" ဘာငိုင်နေတာလဲ ၊ အထုတ်တွေသွားယူလေ "ဝေ့တက်လာတဲ့ မျက်ရည်လေးတွေကို သုတ်ကာ အခန်းထဲဝင်ခဲ့ပြီး ကုတင်ပေါ်တွင်တင်ထားတဲ့ လက်ဆွဲအိတ်လေးကို ဆွဲယူကာ ဘယ်အချိန်မှ ပိုင်ဆိုင်ခွင့်ရမှန်းမသိတဲ့ အိပ်ခန်းလေးကို နောက်ဆုံးအကြိမ် နှုတ်ဆက်သည့်အနေနဲ့ ငေးမောစွာကြည့်လိုက်မိသည်။
" Jimin "
" ဗျာ "
အောက်ထပ်မှ Omma ခေါ်သံကြောင့် Jimin ပြန်ထူးမိလိုက်သည်။
" ဘာလို့ ထွက်မလာသေးတာလဲ "
Omma ရဲ့စကာသံကြောင့် အထုတ်လေးဆွဲပြီးထွက်လာခဲ့လိုက်သည်။အပေါ်ထပ်ကနေ လှေကားလေးအတိုင်း ဆင်းလာနေတဲ့ Jimin လေးကိုကြည့်ပြီး Eun Seo တစ်ယောက်ကျေနပ်စွာပြုံးပစ်လိုက်သည်။ ခေါင်းစခြေဆုံး တစ်ချက်စစ်ဆေးပြီး ခေါင်းကို ညိတ်လိုက်၏။
" Yoo Jung ခေါ်သွားလို့ရပြီ "
Omma ရဲ့သတိပေးစကားကြောင့် ထိုင်နေရာကာ ထကာ
" ပေး... Jimin Arjima သယ်ပေးမယ် "
Jimin လေးလက်ထဲက အိတ်လေးကို လှမ်းယူလိုက်သူက အလုပ်သမားပွဲစား Yoo Jung ။
![](https://img.wattpad.com/cover/179285456-288-k647058.jpg)
YOU ARE READING
Love is
RomanceMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...