Omma ( Zawgyi & Unicode )

1.4K 207 11
                                    


( Zawgyi )

" သား...  သားငယ်လေး "

Ji Seo Yeon တစ်ယောက် သားဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီး ရင်နင့်သွားရသည်။
သိပြီးပါပြီ။ သားဖြစ်သူရဲ့အဖြစ်ကို ယောက္ခမဖြစ်သူဆီကနေ ကြားခဲ့ပြီးပါပြီ။ အလုပ်သမားကောင်လေးနဲ့ချစ်သူတွေဖြစ်နေကြတယ်တဲ့။မယုံနိုင်စရာပါပဲ။ သားဟာ သူ့အဖေလို အစွဲအလမ်းကြီးလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိခဲ့။

အခုတော့...
Min Jae Hyung ရဲ့ သား ပီသစွာပင် အဖေ့ခြေရာအတိုင်း နင်းနေလေပြီ။ ကောင်လေးတစ်ယောက်အတွက် ခေါင်းမထူနိုင်လောက်အောင် အရက်တွေသောက်ထား၏။

" Yoongi "

" ဟင်...  အင်း...  ဘယ်... ဘယ်သူလဲ၊ Ji . . Jimin လား၊ ကိုယ့်ရဲ့ Jiminie "

မူးမူးရှုးရှူးနဲ့ Jimin ကို တမ်းတနေ၏။

" Omma ပါ ... သား "

" ဗျာ "

" သား...  Yoongi ၊ ခေါင်းလေးထောင်ပြီး ကြည့်ပါဦး ၊ Omma ကိုတောင်မမှတ်မိလောက်အောင်ပဲ အသိစိတ်တွေ လွတ်ကုန်ပြီလား "

" Om .... Omma "

" သားရယ် "

သားရဲ့ ဆံပင်လေးတွေကြားထဲ လက်ချောင်းလေးများ ထိုးဖွကာ ပွတ်သပ်နှစ်သိမ့်ရင်း မျက်ရည်တွေ စီးကျနေမိသည်။

" Omma ငိုနေတာလား၊ မငိုပါနဲ့ သားအတွက်နဲ့တော့ မငိုပါနဲ့နော်၊ Omma ငိုတာ သားမကြည့်ရက်ပါဘူး၊ တောင်းပန်ပါတယ်၊  တောင်းပန်ပါတယ်၊  နိုင်ငံခြားကနေတောင် သားကိုတွေ့ချင်လွန်းလို့ ပြန်လာတဲ့ Omma ကို အခုလို စိတ်ရှုပ်ထွေးစရာတွေနဲ့ ကြိုဆိုမိခဲ့လို့တောင်းပန်ပါတယ်။ဘွားရဲ့ရက်စက်မှုတွေက ရင်တွေကွဲမတတ် ခံစားနေရတယ်၊ သားကို ခွင့်လွှတ်ပါ၊ Jimin ကို သိပ်ချစ်မိသွားတဲ့ သားကို နားလည်ခွင့်လွှတ်ပေးပါ၊ သား Jimin ကိုမေ့နိုင်ဖို့ အခုလိုလုပ်မှ ဖြစ်မှာမို့လို့ပါ "

" သားရယ် "

Ji Seo Yeon ခေါင်းလေးစိုက်ကျပြီး ရင်ထဲကခံစားချက်တွေကို ဖွင့်ထုတ်ကာ တောင်းပန်နေတဲ့ သားကိုကြည့်ပြီး မျက်ရည်မဆည်နိုင်ဖြစ်နေသည်။

Love is حيث تعيش القصص. اكتشف الآن