( Zawgyi )
" ပြန်ရောက်ပါပြီ "
အိမ်ထဲဝင်လိုက်တာနှင့် အပေါက်တံခါးဝနားတွင် မျက်နှာထားတင်းတင်းကြီးနဲ့ စောင့်ကြိုနေတဲ့ အဘွား Min Jeong ကိုမြင်လိုက်ရတာမို့ Jimin ခေါင်းလေးငုံမိလိုက်သည်။
" Park Jimin "
" ဗျာ "
" လာစမ်း "
" ဟုတ် "
အစ်ကိုလေး Yoongi နောက်တွင် ရပ်နေတဲ့ Jimin အဘွား Min Jeong ရဲ့ခေါ်သံကြောင့် ခေါင်းလေးငုံပြီးလျှောက်သွားမိသည်။
" ကဲဟယ် "
ဖြန်း... ဖြန်း
" ဟာ... ဘွား "
Yoongi ရဲ့တားဆီးသံက နောက်ကျသွားရသည်။ ခွေခနဲလဲကျသွားတဲ့ Jimin ကိုကြောင်ပြီးငေးကြည့်နေရာမှ အသိဝင်ပြီး ပြေးထူမည်အပြု သူ့လက်မောင်းတွေကို လာဖမ်းချုပ်လာသော အိမ်တော်ထိန်းကြီး နှင့် စားဖိုမှူးကြီး တို့ကြောင့် သူ့စိတ်ကူးတွေ ပျက်ပြယ်သွားရသည်။
ဖြန်း.... ဖြန်း.... ဖြန်း
" အ "
Jimin ရဲ့ဖြူနုတဲ့မျက်နှာလေးမှာ လက်ဝါးရာအထင်းသား နေရာယူထားသည်။ ပါးပြင်မှ နာကျင်မှုကြောင့် ငိုလိုက်မိသည်။
" အဟင့်... အဟင့် "
" တိတ်စမ်း... မငိုနဲ့။ အဲ့ပါးစပ်ကို အခုချက်ချင်းပိတ်ထား "
" အဟင့်... အဟင့် "
" ပြောစမ်း... မင်းဘာအကြံအစည်နဲ့ ဒီကိုရောက်လာတာလဲ "
" ကျွန်... ကျွန်တော် နေစရာမရှိလို့ပါ "
" တိတ်စမ်း... အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေ။ ငါ့မြေးလေးကို မင်းဘယ်လိုလုပ်လိုက်တာလဲ။ မင်း ငါ့မြေးလေးအနားမှာ တစ်ချိန်လုံးနေပြီး ငါ့မြေးလေးကိုလှည့်စားဖို့ကြိုးစားနေတာလား။ ကြီးမြတ်လှတဲ့ ငါ့တို့ရဲ့ ဂုဏ်သိက္ခာတွေကို မင်းကဒီနည်းလမ်းနဲ့ဖျက်စီးချင်နေတာလား "
![](https://img.wattpad.com/cover/179285456-288-k647058.jpg)
STAI LEGGENDO
Love is
Storie d'amoreMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...