ခင်တွယ်ခြင်း ( Zawgyi & Unicode )

1.7K 232 2
                                    


( Zawgyi  )

Jimin
မင်းတကယ်ပဲ ပြန်တော့မှာလားဟင်။
Yeon Byul အတွက်နဲ့ ငါ့အပေါ်ထားခဲ့တဲ့ မင်းရဲ့သံယောဇဉ်ကြိုးတွေကို တကယ်ပဲ ဖြတ်ပစ်တော့မှာလား။

ငါမင်းကို မခံချင်စိတ်နဲ့ ပြန်ပြီးတုံပြန်မိတာပါ။ဒါပေမဲ့ မင်းပြန်သွားမှာကိုတော့ ငါမလိုလားဘူး။

သူ... ဘယ်လိုတားဆီးရမလဲ။
အခန်းထဲမှာ လူကထိုင်ရမလို ထရမလိုနှင့် တစ်ယောက်တည်း ယောက်ယှက်ခတ်နေရသည်။

ဘွား...  ဘွားကို သွားပြီးတားခိုင်းရမယ်။
ဒါဆို Jimin လုံးဝငြင်းဆန်နိုင်မှာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ရအောင်တားဆီးခိုင်းရမှာပဲ။ Jimin ပြန်လို့ လုံးဝမဖြစ်။ Jimin ကို သူခင်တွယ်နေမိပြီ။ နောက်လူအသစ်နဲ့လည်း အစားမထိုးချင်ပါဘူး။

ဘာပဲပြောပြော Jimin ကသူ့အနွံအတာကိုခံ၏။စိတ်လည်း ရှည်သည်။ အလုပ်လုပ်လျှင်လည်း သေသေသပ်သပ်ရှိတာကြောင့် Yoongi သူကိုသဘောကျ၏။

Yeon Byul ကြောင့်သာ ပြန်မယ်ပြောတာ တကယ်ပြန်လျှင် Jimin အတွက် အခက်အခဲတွေ အများကြီး ရှိနေနိုင်၏။ဒါကြောင့် Jimin ကို Yoongi မပြန်စေချင်ပါ။ Jimin ဆင်းရဲဒုက္ခရောက်နေမှာ Yoongi  မလိုလားဆုံးပဲ။

သူ ဆုံးဖြတ်ချက်လေးချပြီး အောက်ထပ်သို့ အပြေးလေးဆင်းခဲ့မိသည်။

" ဘွား... ဘွားရေ "

" Yoongi လေး၊  ဘာအလိုရှိလို့လဲ "

" အိမ်တော်ထိန်းကြီး ဘွားရေ ဘွားဘယ်သွားလဲ၊ ကျွန်တော် ဘွားကိုတွေ့ချင်လို့ "

" စောစော ပွဲစား Yoo Jung နဲ့ စကားပြောနေတာပဲ၊ အခုတော့ ခြံထဲလမ်းဆင်းလျှောက်နေပြီထင်တယ် "

ပွဲစား Yoo Jung နဲ့စကားပြောနေတယ်ဆိုပါလား။
ပွဲစား Yoo Jung ဆိုတာ Jimin ကို လာပိုခဲ့တဲ့ အလုပ်သမားပွဲစားကြီးလေ။ ဒါကို Yoongi ကောင်းကောင်းကြီး မှတ်မိနေသေးသည်။

ဒါ...  ဒါဆို Jimin တကယ်ပဲပြန်သွားပြီလား။ Yoongi စိတ်တွေ ထိန်းချုပ်မရလောက်အောင် စိုးရိပ်ပူပန်မှုတွေ ကြီးမားသွားရသည်။

Love is Where stories live. Discover now