မြေးလေး ( Zawgyi & Unicode )

1.5K 210 0
                                    


( Zawgyi )

မယုံကြည်နိုင်တော့ပါ။
Appa ပြောပြနေတဲ့အတိတ်က ဖြစ်ရပ်တွေကို နားထောင်ပြီး အံ့ဩနေရသည်။ ဒေါ် Eun Seo ဆိုတာ တချိန်က Appa သိပ်ချစ်ရတဲ့ Euna ဆိုတဲ့ကောင်မလေးတဲ့လေ။ Appa တို့ ချစ်သူနှစ်ဦး ကွဲကွာခဲ့ရတာ အဘွားကြောင့်တဲ့။

ဘာတွေလဲ။
ဒါတွေ အားလုံးက သူနဲ့ ဘာဆိုင်လို့လဲ။
အတိတ်က အတိတ်။
အနာဂတ်က အနာဂတ်ပဲ။

Yoongi နဲ့ Jimin ရဲ့ အချစ်မှာ ဘာဖြစ်လို့ ဒီအတိတ်ဆိုးက အရိပ်မည်းကြီး ထင်ဟပ်လာရတာလဲ။

မတရားဘူး။
လုံးဝ မတရားဘူး။

" တောင်းပန်ပါတယ် သားရယ်၊ Appa ကြောင့် အခုလို့ဖြစ်ရတာပါ၊ Appa သတ္တိမရှိခဲ့လို့ အခုလို အတိတ်ဆိုးတွေ ဖြစ်လာခဲ့ရတာပါ၊ Euna မှာ အပြစ်မရှိပါဘူး၊ သူနာကျင်မယ်ဆိုလည်း နာကျင် လောက်စရာပဲလေ "

" တော်ပါတော့၊ တော်ပါတော့၊ ဆက်ပြီးမကြားပါရစေနဲ့တော့၊ အားလုံးရက်စက်တယ်၊ ဘာအပြစ်ရှိလို့လဲ၊ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ အခုလိုတွေဖြစ်နေရတာလဲ "

သားကို အပြစ်တွေ ကျမခံစေသင့်ဘူး။
အပြစ်ရှိတာက မိမိလေ။

ဒါကြောင့်လည်း ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ ပြစ်ဒဏ်တွေပေးခဲ့တယ်။ ရှင်သန်နှုတွေ၊ ပျော်ရွှင်ခြင်းတွေ အားလုံးကို သူကိုယ်တိုင်ပဲ အသေသတ်ခဲ့သည်။

" ဘယ်လိုလုပ်ရမလဲ ကျွန်တော်ဘာဆက်လုပ်ရတော့မှာလဲ "

" သားရယ် "

" Appa က မေ့လိုက်ပါလို့ အလွယ်တကူပြောနိုင်ပေမယ့် ကျွန်တော့်ရင်ထဲမှာ Jimin ကိုဘယ်လိုမှ မေ့ဖျောက်လို့မရဘူး၊ ဒေါ် Eun Seo က ဘယ်လို အကြောင်းမျိုးတွေကြောင့်ပဲ Jimin ကိုစံတော်အိမ်မှာ ထားခဲ့ထားခဲ့ Jimin က ကျွန်တော့်ဘေးမှာ တကယ်ရှိနေခဲ့ဖူးတာ၊ Jimin ကို တကယ်ကို ချစ်သွားခဲ့တာ၊ အဲ့ဒါ...အဲ့ဒါတွေကို လူကြီးတွေရဲ့ အငြိုးအတေးကြောင့် ဖျက်ဆီးပစ်ရတော့မယ်တဲ့လား "

Love is Where stories live. Discover now