( Zawgyi )
" Jimin "
" ဟုတ် "
" Yoongi Jiminလေး ကိုချစ်နေမိပြီ "
" ဗျာ "
" ဟုတ်တယ်၊ Yoongi ချစ်နေမိပြီ၊ အဲဒါသေချာတယ်၊ မင်းသိပ်တော်တယ် "
" မေမေ... ကျွန်... ကျွန်တော် ဘာဆက်လုပ်ရမလဲ၊ ပြန်လာခဲ့ရတော့မလား "
" ဘာ "
မေမေ့အော်သံကြီးကြောင့် ခန္ဓာကိုယ်ပင် တုန်တက်သည်အထိ လန့်သွားရသည်။
" မလာရဘူး၊ မင်းလုံးဝပြန်မလာရဘူး၊ အနှစ်နှစ်ဆယ်ကျော် ငါရှုံးနှိမ့်ခဲ့ရတဲ့ မာနတွေအတွက် ပြန်နိုင်ရဖို့ မင်းအဲ့ဒီစံတော်အိမ်မှာ ဆက်နေမှဖြစ်မှာ "
အနှစ်နှစ်ဆယ်ကျော် ရှုံးနှိမ့်ခဲ့ရတဲ့ မာနအတွက်တဲ့။
ဘာတွေလဲ။ တစ်ခုမှ နားမလည်တော့ဘူး။" မင်း သေချာနားထောင်၊ အခုချိန်ကစပြီး Yoongi ဘက်က မင်းကိုချစ်တယ်လို့ ဖွင့်ပြောလာအောင် ကြိုးစားရမယ် "
" ဗျာ "
" Yoongi ရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖို့ပြောတာ၊ နောက်နှစ်ရက်နေရင် Yoongi ရဲ့မိဘတွေ ပြန်လာတော့မှာ၊ အဲ့ဒီအခါကျရင် ပိုပြီးအနေကျပ်လိမ့်မယ်၊ အဲဒါကြောင့် Omma ပြောတဲ့အတိုင်းလုပ် "
" ဟုတ်ကဲ့ မေမေ "
Jimin ငြင်းဆန်နိုင်စွမ်း မရှိစွာပင် ကတိပေးလိုပ်မိသည်။
" မေမေ "
" ပြော "
" အကိုလေး Yoongi ရဲ့ မိဘတွေပြန်လာမယ်လို့ မေမေက ဘယ်လိုသိလဲ ဟင် "
" အဟမ်း... စံတော်အိမ်မှာ အပ်ကျတာကအစ သိတယ်ဆိုတာ မင်း မြဲမြဲမှတ်ထားလိုက် "
Jimin တစ်ယောက်ပါးစပ်အဟောင်းသားကလေးပင် ဖြစ်သွားရသည်။ အခုချိန်ထိ စံတော်အိမ်ကလူတွေ အားလုံး အကိုလေးမိဘတွေ ပြန်လာမှာကို ဘယ်သူမှမသိသေး။
![](https://img.wattpad.com/cover/179285456-288-k647058.jpg)
STAI LEGGENDO
Love is
Storie d'amoreMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...