( Zawgyi )
" Park Jimin "
" ဗျာ "
" လိုက်ခဲ့ "
" ဗျာ "
" သခင်လေးနဲ့တွေ့ရမယ် "
Jimin ခန္ဓာကိုယ်လေး လေထဲလွင့်ခနဲ မြောက်တက်သွားသလို ခံစားလိုက်ရသည်။ အိမ်တော်ထိန်းကြီး Choi ရဲ့စီစဉ်ပေးမှုကြောင့် ခြံအနောက်ဘက်က အလုပ်သမားတန်းလျားလေးတွင် Jimin နေဖို့ အခန်းလေးတစ်ခန်း ရခဲ့၏။ ကျဉ်းမြောင်းလွန်းသော ထိုအခန်းလေးကိုကြည့်ပြီး Jimin ငိုချင်သွားရ၏။
Jimin နေခဲ့ရဖူးသော အိပ်ခန်းလေးနှင့် တခြားစီပါပဲ။
အိစက်နေတဲ့ မွေ့ယာကြီးနဲ့ နူးညံ့တဲ့ စောင်ကြီးကိုမျက်ဝန်းထဲမြင်ယောင်ပြီး ဝမ်းနည်းသွားရ၏။
မေမေ့ကျေးဇူးတွေကြောင့် မတောင့်မတဘဝလေးထဲတွင် နေခဲ့ရတာကြောင့် မေမေ့ကိုပို၍ပင် လေးစားသွားရ၏။ဒါကြောင့်မို့ မေမေ့ရဲ့ကျေးဇူး မေမေ့ရဲ့စိတ်ချမ်းသာမှုတွေကို အစွမ်းကုန် ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်မိသည်။မေမေမျှော်လင့်ထားတာတွေ မဆုံးရှုံးစေရဘူးဆိုတာကိုပေါ့။
"ကောင်လေး လာလေ "
ရှေ့ကနေ သွားနေသော အိမ်တော်ထိန်း Choi နောက်သို့ ခြေလှမ်းသွက်သွက်လှမ်းကာ လိုက်သွားမိသည်။
" Park Jimin ကိုခေါ်လာပါပြီ၊ မေမေကြီး "
ဧည့်ခန်းထဲ ရောက်ပြီဖြစ်ကြောင်း အိမ်တော်ထိန်းကြီး အသိပေးပြီးတာနှင့် အဘွား Min Jeong ဆီက ချိုသာ နူးညံ့ တဲ့စကားသံလေး ထွက်လာ၏။
" မြေး... Yoongi ၊ ဒါ မြေးလေး လက်တိုလက်တောင်းခိုင်းဖို့ ဘွား ခေါ်ထားတာ၊ မြေးလေး သဘောကျရဲ့လား၊ မြေး သဘောမကျရင် ချက်ချင်းပဲ သူ့ကိုပြန်ပို့မှာ "
အဘွား Min Jeong ရဲ့ စကားကြောင့် ရင်တထိတ်ထိတ် ဖြစ်သွားရသူက Jimin လေးပင်။ ပြန်ပို့မှာဆိုတဲ့ စကားလေးသုံးခွန်းလေးကြောင့် ဂဏှာမငြိမ်နိုင်ပေ။
![](https://img.wattpad.com/cover/179285456-288-k647058.jpg)
YOU ARE READING
Love is
RomanceMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...