( Zawgyi )
ပြာလဲ့လဲ့ကလေး ရေကူးကန်လေးကိုကြည့်ပြီး တစ်ယောက်ထဲ ပြုံးကာ ရေထဲသို့ ဝုန်းခနဲ ခုန်ဆင်းလိုက်သည်။ ပြီးနောက် ပျော်ရွင်စွာ တစ်ယောက်ခြင်း ကူးခတ်နေမိ၏။ ကန်ဘောင် တစ်ဖက်ဖက်နှင့်တစ်ဖက် ခေါက်တုံ ခေါက်ပြန် ကူးနေမိသည်။
" အား... ဖူး... ဖရူး "
အနည်းငယ် မောသွားသဖြင့် ကန်ဘောင်တန်းကိုကိုင်ကာ နားလိုက်၏။
" ရော့... အစ်ကိုလေး "
အချိုရည်ဗူးလေးကို သူ့မျက်နှာလေးရှေ့ ထိုးပေးလာသူက Jimin ရယ်ပါ။ မျက်နှာလေးကလည်း ပြုံးရွှင်လို့။ သူ့လက်ထဲမှာလည်း မျက်နှာသုတ်ပုဝါလေးကို ကိုက်ထားသေးသည်။
" ဖောက်ပေးလေကွာ "
" ဖောက်ထားပြီးသား အစ်ကိုလေးရဲ့ "
တယ်ဟုတ်ပါလား။
ဘယ်ဆိုးလို့လဲ။ အရင်လူတွေထက်သာသွားပြီ။ အရင်လူတွေတုန်းကဆို သူရေကူးရင် အခုလို အချိုရည်သောက်ချင်လျှင် သူကပင် သွားယူခိုင်းရသည်။ အလိုက်မသိကျ။Jimin ကတော့ ဒီလိုမဟုတ်။ရေကူးကန်က တက်လျှင် ရေသုတ်နိုင်အောင် ပုဝါပင်ယူလာသေး။ Yoongi ကျေနပ်သွားရ၏။ Jimin ၏အလိုက်သိမှုကို လက်ဖျားခါသွားရသည်။
" Jimin "
" ဗျာ "
" မင်း... ရေကူးတက်လား "
" မကူးတက်ဘူး "
" ယောက်ျားဖြစ်ပြီး ရေမကူးတက်ဘူးလား "
" ဗျာ "
" မင်းအရွယ်မပြောနဲ့ ငါတို့ကျောင်းမှာဆို ငါးနှစ်အရွယ်ကလေးတွေတောင် ရေကူးတတ်နေပြီ "
" ဒါ... ဒါက "
" မင်း ရေကူးသင်ရမယ် "
Jimin တစ်ယောက် မျက်လုံးပြူးသွားရသည်။ အစကတည်းကမှ ရေဆိုအသေကြောက်တဲ့ Jimin ပြာလဲ့လဲ့ ရေပြင်ကြီးကိုကြည့်ပြီး အကြောက်ကြီးကြောက်သွားမိ၏။
![](https://img.wattpad.com/cover/179285456-288-k647058.jpg)
BẠN ĐANG ĐỌC
Love is
Lãng mạnMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...