ပေးဆပ်ခြင်း ( Zawgyi & Unicode )

1.7K 220 1
                                    

( Zawgyi  )

ဒီစံတော်အိမ်ခြံကြီးထဲသို့ Jimin ရဲ့ဆန္ဒတစ်စုံတစ်ရာမပါဘဲ ရောက်ခဲ့ရတာပါ။အခုဆိုလျှင် Jiminရဲ့အသက်ဆယ့်ကိုးနှစ်ထဲကို ရောက်နေပြီ။
မေမေ့ရဲ့ခိုင်းစေချက်တစ်ခုတည်းနဲ့ ဒီခြံကြီးထဲမှာ အနှိပ်စက်ခံ၊ အဆူအဆဲခံပြီးနေခဲ့တာ အခုဆိုလျှင် ခုနစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။

" Omma ပြန်လာလို့မပြောမချင်း Jimin
ပြန်မလာရဘူး " ဆိုတဲ့အမိန့်ကို မထင်မှတ်ဘဲ ချိုးဖောက်မိခဲ့ပြီ။Yeon Byul လိုဖြူစင်ရိုးသားတဲ့ မိန်းကလေးတစ်ယောက်အတွက် မေမေရဲ့အမှာစကားကို မျက်ကွယ်ပြုပြီး Yoongi ရှေ့မှာ အလုပ်ထွက်တော့မယ်ဟုပြတ်ပြတ်သားသား ပြောပစ်ခဲ့၏။

ဘာဆက်လုပ်ရမလဲ။Yoongi ကိုလည်း ပြောပြီးသွားပြီ။ Busan ကိုပဲ ပြန်တော့မယ်လို့လေ။
အခန်းကျဉ်းလေးထဲမှာ စိတ်ရှုတ်ထွေးကာ Jimin တစ်ယောက် ငူငူငိုင်ငိုင်လေးထိုင်နေမိ၏။ Busan ကို ပြန်မယ်လို့သာ ပြောခဲ့တာ အဝတ်အစားတွေကို သိမ်းဆည်းဖို့ကျတော့ တွန့်ဆုတ်နေမိသည်။

မေမေသာ သူမခေါ်ဘဲ ပြန်ရောက်လာတဲ့ Jimin ကိုမြင်လျှင် သွေးတိုးကာ ခေါက်ခနဲလဲကျသွားနိုင်သည်။ Jimin လေးဆီကို တစ်နှစ်တစ်ကြိမ်လာကြည့်ခိုင်းတဲ့ အဒေါ် Yoo Jung ကနေတစ်ဆင့် ပါးနပ်စွာဆက်ပြီးနေခိုင်းဖို့ မှာတတ်သေးသည်။
ဒါကိုကြည့်ခြင်းအားဖြင့် Jimin ကို ပြန်မလာစေချင်သေးမှန်း သိနေရသည်။

" Jimin လေးရေ...Jimin အဒေါ် Yoo Jung လာတယ်ဟေ့ "

အပြင်ကခေါ်သံကြောင့် Jimin ရဲ့ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်တတ်သွားသည်။

အဒေါ် Yoo Jung တဲ့။
Jimin ဆီကို လာတွေ့တာတဲ့။
အတော်ပဲပေါ့။ အဒေါ် Yoo Jung နဲ့တစ်ခါတည်း ပြန်လိုက်ရအောင်ပြောမည်။ရှင်းပြလိုက်ရင် အဒေါ် Yoo Jung လက်ခံသွားမှာပါ။

" Jimin ရေ "

" လာပြီ...  လာပါပြီ "

ခေါ်သံကြားမှ ကပျာကယာ တံခါးချက်လေးထဖွင့်ပေးလိုက်သည်။ အခုလိုအခက်တွေ့နေချိန်မှာ အဒေါ် Yoo Jung ရောက်လာတာ အတော်ပဲလေ။

Love is Where stories live. Discover now