ဟန်ဆောင်ခြင်း ( Zawgyi & Unicode )

1.8K 236 5
                                    

( Zawgyi  )

" အမယ်လေး... အရေးထဲ ဒီကောင်စုတ်လေးက ဖျားနေသေးတယ်၊  အလုပ်ဝင်တာမှ ဘယ်လောက်မှမကြာသေးဘူး။ ပညာကပြချင်နေပြီ၊  အလုပ်မလုပ်ချင်လို့ အပျင်းထူပြီး နေမကောင်းတာကို အကြောင်းရှာပြနေတာလေ၊  ဒင်းတို့အကြောင်း မသိရင်ခက်မယ်"

အလုပ်သမားတန်းလျားလေးရှေ့ဆီက လွင့်ပျံလာသော အဘွား Min Jeong ရဲ့ စကားသံကြောင့် အိပ်ရာလေးထက်တွင် ခွေခွေလေးလှဲနေတဲ့ Jimin တစ်ယောက် ညင်သာစွာထထိုင်လိုက်မိသည်။ အပြင်က စကားသံကို နားစွင့်နေလိုက်မိ၏။ ချက်ချင်းထဖို့လုပ်တော့ ခေါင်းထဲမူးတူးတူးကြီးဖြစ်တာမို့ ဆက်ပြီးထိုင်နေလိုက်ရသည်။

" အိမ်တော်ထိန်း Choi "

" ဗျာ "

" သွားခေါ်ခဲ့စမ်း... အဲ့ကောင်လေးကိုသွားနိုးစမ်း "

" ဟုတ်... ဟုတ်ကဲ့ခင်ဗျ "

အိမ်တော်ထိန်း Choi တစ်ယောက် အိမ်ရှင်သူဋ္ဌေးမကြီး ဒေါ် Min Jeong ရဲ့ ခိုင်းစေချက်ကို မလွန်ဆန်ရဲစွာပင် Jimin နေတဲ့ အိပ်ခန်းလေးရှေ့သို့ ရောက်သွားရသည်။

" ဒေါက်...ဒေါက် Jiminလေး ကောင်လေးရေ တံခါးဖွင့်ပါဦး "

အိမ်တော်ထိန်း Choi သိနေသည်။
Jimin ဆိုတဲ့ကောင်လေး တကယ်ပဲဖျားနေတယ်ဆိုတာကို။

မနေ့က...
ခြံအနောက်ကရေစင်အမြင့်ကြီးပေါ် တက်ခိုင်းပြီး စွန်ကလေးကို တက်ဖြုတ်စေဆိုတဲ့ Yoongi ရဲ့ စေခိုင်းချက်ကြောင့် အကြောက်လွန်ပြီး ကောင်လေးဖျားသွားတာလေ။ တော်တော်ဆိုးတဲ့ Min Yoongi ။ ရေစင်ပေါ်မှာ Jimin လေး ရှိနေတာကို ဘယ်သူ့ကိုမှ အသိမပေးချေ။

အိမ်တော်ထိန်း Choi တစ်ယောက် ရေစက်မောင်းပြီး ရေပြည့်မပြည့်သွားကြည့်တော့မှ ရှိုက်သံသဲ့သဲ့လေးကြောင့် မော့ကြည့်မိတော့ ရေစင်အမြင့်ကြီးပေါ်မှာ ရောက်နေတာက Jimin ဆိုတဲ့ ကောင်လေး ဖြစ်နေသည်။

အိမ်တော်ထိန်း Choi မျက်လုံးပြူးသွားရသည်။

စိုးရိမ်တကြီး ရေစင်ပေါ်တက်ကာ Jimin ဆိုတဲ့ ကောင်းလေးကို ချီပြီးပြန်ဆင်းခဲ့ရသည်။

Love is Where stories live. Discover now