Because Of You 1

6.3K 377 117
                                    

Zawgyi

"အကို ချန်း​ယောလ်​ ကို ကျွန်​​တော်​ချစ်​တယ်​"

ကန်​တင်းတွင်​ သူငယ်​ချင်းများနှင့်​ ထိုင်​​နေ​သော အကို
ချန်း​ယောလ်​ ဆီ သွားကာ နှင်းဆီနီ တစ်​ပွင့်​​ပေးရင်း
တုန်တုန်ယင်ယင်ဖြင့်​​​​​​ပြောလိုက်​သည်​ ။

"ဝိုး ဝိုး ပတ်​ချန်း​ယောလ်​ တို့က စွံချက်​ပဲ​ဟေ့ မိန်းက​လေး
တွေတင်​ မဟုတ်​ဘူး ​​ယောကျာ်း​လေး​တွေပါ ပါလာပြီကွာ
ဟားဟားဟား"

အကိုချန်း​ယောလ်​ အဖွဲ့ထဲကအကိုတစ်​​ယောက်​ရဲ့ ​နောက်
ပြောင်​မှု​ကြောင့်​ ​ဂျောင်​ဆူး ​ခေါင်းကိုငုံ့လိုက်​မိသည်​ ။ ကျွန်
တော့်​အချစ်​က သူတို့အတွက်​ဟာသ တစ်​ခုဖြစ်​​နေခဲ့သ
လား ။

"ဘာဖြစ်​လို့ ချစ်​တာလဲ"

ခပ်​ပြတ်​ပြတ်​ထွက်​လာ​သော အသံ​ကြောင့်​ ​ဂျောင်​ဆူး
မော့ကာကြည့်​မိ​တော့ အကိုချန်း​ယောလ်​က သူ့အားစိုက်
ကြည့်​​နေသည်​ ။

ဘာဖြစ်​လို့လဲ ချစ်​တာလဲတဲ့ ။ ကျွန်​​တော်​ ဘယ်​လို​ပြော
ရမလဲအကို အကိုဖြစ်​​နေလို့ ချစ်​တာ​လေ ။ အကိုဖြစ်​​နေ
ခဲ့လို့​​ပေါ့ ။

"..."

"ထားပါ မ​ဖြေနိုင်​လည်း မင်းတစ်​ခုသိရမှာက ငါ
ယောကျာ်းချင်း စိတ်​ဝင်​မစားဘူး ... ပြီး​တော့ ရွံလည်းရွံ
တယ်​"

ရွံတယ်​တဲ့လားအကို ။ လူတစ်​​ယောက်​ကို လူတစ်​​ယောက်
ချစ်​တာဟာ ရွံစရာတဲ့လား ။ ကျွန်​​တော်​လည်း ​ယောကျာ်း
ချင်းဘယ်​ချစ်​ချင်​ပါ့မလဲအကို ဒါ​ပေမယ့်​ ကျွန်​​တော့်​နှလုံး
သား​လေးက အကိုမှအကိုဖြစ်​​နေခဲ့တယ်​​လေ ။

အကိုက ​ပြောလည်း​ပြော ကျွန်​​တော့်​နှင်းဆီနီ​လေးကို
ယူကာ ​အောက်​သို့ လွှင့်​ပစ်​လိုက်​သည်​ ။ တစ်​ပြိုင်​နက်
တည်းပင်​ သူစီးထား​သော ရှူးဖိနပ်​​လေး​အောက်​ ကျွန်
တော့်​ နှင်းဆီပန်း​လေး ဝပ်​တွားရခဲ့သည်​ ။

ဤနှင်းဆီနီ​လေးသကဲ့သို့ ကျွန်​​တော့်​ နှလုံးသား​လေး
သည်​လည်း အကို့ဖိနပ်​​အောက်​မှာ ​ကြွေမွ သွားသည်​ဟု
ခံစားရ​သောအခါ ရင်​ဘတ်​ထဲက ဆူး၍​အောင့်​လို့လာ
သည်​ ။

Because Of YouOnde as histórias ganham vida. Descobre agora