Because Of You 20

2.9K 352 191
                                    


Zawgyi


"Morning ပါ ဘောစိဂျောင်"

ပြောင်စပ်စပ်နဲ့ လာနောက်နေသော ထယ်ဂူ့အား
မျက်စိရှေ့က ဖိုင်တွဲဖြင့် ပစ်ပေါက်လိုက်သည် ။

"မျက်နှာ လာပြောင်မနေနဲ့ ငါရှာခိုင်းထားတဲ့
အတွင်းရေးမှူးကိစ္စရော လုပ်ပြီးပြီလား"

"ငါပါကွ အားလုံး အိုကေပြီးသား စိတ်ချလိုက်"

ကိုရီးယားက ထွက်လာပြီး နောက်ပိုင်း ဖေဖေတို့
ပိုင်သော ဂျပန်ကကုမ္ပဏီကို ကျွန်တော်ဦးစီးနေတာ
တစ်နှစ်တောင် ပြည့်တော့မည် ။

ကိုရီးယားကိုလည်း လွမ်းသလို တစ်ယောက်သော
သူလည်း သတိရမိပါရဲ့ ။

အဆင်များပြေရဲ့လား နေများကောင်းရဲ့လား.....
လွမ်းတိုင်းပြေးတွေ့ဖို့ မဖြစ်နိုင်တဲ့အခါ ကျွန်တော်
ချစ်ရသော တစ်ယောက်သောသူ အတွက် မေတ္တာ
ပို့ရင်း ကျွန်တော့်မှာ အသက်ဆက်ရသည် ။

"ဘာလဲ အစ်ကို ချန်းယောလ်ကို သတိရသွားလို့လား"

"ဘာ...ဘာလို့ ငါက သတိရ ရမှာလဲ ငါသူ့ကိုမုန်း
တယ် သူ့နာမည်တောင် မကြားချင်လောက်တဲ့
အထိပဲ"

ဗြောင်ကျစွာမေးလိုက်သော ထယ်ဂူ့ကြောင့် ကျွန်
တော့်မှာ အထစ်ထစ်အငေါ့ငေါ့ ဖြင့်ဖြေမိသောအခါ
ထယ်ဂူက ရယ်သည် ။

"မုန်းတယ်ဆိုတော့လည်း မုန်းတယ်ပေါ့ကွာ ဟဲဟဲ"

မုန်းတယ်တဲ့ စကားလုံးလေးကတော့ နှစ်လုံးထဲပဲ
ဒါပေမယ့်အကို ကျွန်တော်အကို့ကို မုန်းတယ်လို့
ပြောလိုက်တိုင်း အခုထိအကိုမှအကိုဖြစ်နေခဲ့တဲ့
နှလုံသားလေးက စူးခနဲအောင့်နေခဲ့တယ်တဲ့လေ ။

အကို့ကို ချစ်ခဲ့တုန်းကလည်း ပင်ပန်းခဲ့သလို အခုလို
မုန်းဟန်ဆောင်တော့လည်း ပင်ပန်းနေရတုန်းပဲ ။

ခဲမှန်ဖူးတဲ့ စာသူငယ်လေးလို ကျွန်တော့်မှာ
အကို့ကို ချစ်ဖို့ရာကလည်း ခပ်လန့်လန့်ရယ်ပါ ။

ဒါပေမယ့်လေ မချစ်ဘဲနဲ့လည်း မနေနိုင်ပြန်ပါဘူး ။

"သွား မင်းပြန်တော့ အရူးကောင်"

Because Of YouOpowieści tętniące życiem. Odkryj je teraz