Because Of You 6

2.5K 339 167
                                    


Zawgyi



"အလကား​ကောင်​ပါကွာ ​ယောကျာ်းတိုင်းနဲ့ လိုက်​ပလူး
နေတဲ့​ကောင်​"

လှောင်​သလို ​ပြောင်​သလို ​ပြောလိုက်​သံကြား​သော
ကြောင့်​ ကျွန်​​တော်​လှည့်​ကြည့်​မိ​တော့ အကို့သူငယ်​ချင်း
တွေဖြစ်​​နေသည်​ ။

အကိုလား ... အကိုလည်း ထို​နေရာတွင်​ ရှိ​နေခဲ့ပါ
တယ်​ ။

ကျွန်​​တော်​ နဲ့မဆိုင်​​သော​ကြောင့်​ ပြန်​လှည့်​လိုက်​ကာ
ဆက်​သွားရန်​ပြင်​လိုက်​မိသည်​ ။

"မသိရင်​ သူက ငါ့သူငယ်​ချင်း​ကိုပဲ သိပ်​ချစ်​တာ​ပေါ့
တကယ်​တမ်းကျ ထယ်​ဂူဆိုတဲ့ ​ကောင်​လား ဘာလား နဲ့
လည်း တပူပူးတတွဲတွဲနဲ့ ကြိုက်​များကြိုက်​ ​နေကြသလား
မသိ ဟားဟားဟား"

ကျွန်​​တော်​ လက်​သီးကိုခပ်​တင်းတင်းဆုပ်​ လိုက်​မိသည်​ ။
ကျိန်း​သေ​ပေါက်​ ဒါကျွန်​​တော့်​ကို​ပြော​နေတာပါပဲ။

လူ​တွေက ဘာ​ကြောင့်​ အမှန်​တရားမသိဘဲ ကိုယ်
ထင်​ရာ ​လျှောက်​​ပြောကြတာလဲဟင်​?

ကျွန်​​တော်​ဟာ မျက်​ကန်းတစ်​​ယောက်​လို အကို့တစ်
ယောက်​ကိုပဲ ချစ်​ခဲ့တာပါ ။

"မှန်​​နေ​တော့ ဆက်​​တောင်​မသွားနိုင်​ဘဲ ရပ်​နား​ထောင်
နေတယ်​​ပေါ့"

ကျွန်​​တော်​ ရပ်​​နေတာကို အခွင့်​​ကောင်းယူကာ အကို့
သူငယ်​ချင်း​တွေထဲက တစ်​​ယောက်​က ပခုံး​ပေါ် လက်​တင်
ကာ ခနဲ့တဲ့တဲ့ ​ပြောသည်​ ။

"မဟုတ်​ဘူး ခင်​များတို့ ထင်​သလိုမဟုတ်​ဘူး ဒါ​ကြောင့်
ကျွန်​​တော်​တို့သိက္ခာကျ​စေမယ့်​ စကား​တွေမ​ပြောနဲ့"

ကျွန်​​တော်​အံကြိတ်​ကာ ​ပြောရင်း ပုခုံး​ပေါ်တင်​ထား​သော
လက်​တစ်​ဖက်​ကို ပုတ်​ချလို်​က်​သည်​ ။

"​အော့်​​ဟော်​ ​ဒေါသ​တွေထွက်​​နေပုံ​ထောက်​ရင်​​တော့
ကြိုက်​​နေရုံတင်​မက ညားပါညား..."

"ခွပ်​"

"မ​စော်​ကားနဲ့ ခင်​များတို့က ဘာမို့လို့ ဒီလို​စော်​ကားတဲ့
စကား​တွေမျိုး​ပြော​နေရတာလဲ !!!"

Because Of YouWhere stories live. Discover now