Because Of You 21

2.9K 340 212
                                    

Zawgyi


"ကလေးငယ် အတွက် ကိုယ် စောစောထပြီး ကလေးငယ် ကြိုက်မယ်ထင်တဲ့ ထမင်းလိပ်လေး
လုပ်လာခဲ့တယ်"

ပြုံးရုံလေးပြုံးကာ အကိုက ကျွန့်တော့်ဆီ မစားရက်
လောက်အောင် ချစ်စရာကောင်းနေသော ထမင်း
လိပ်တွေ ကို လာပေးသည် ။

"မစားချင်ဘူး ခင်များ ပြန်ယူသွားလိုက်"

"စားလိုက်ပါ ကလေးငယ် မနက်စာ စားမလာဘူး
မလား ဗိုက်ဆာနေမှာပေါ့ "

အကိုဟာ ကျွန်တော် မနက်စာ စားမလာတာ ဘယ်
လိုများသိသွားပါလိမ့် ။

"မစားချင်ဘူးလို့ပြောနေတယ်လေ!! ပိုနေတယ်ဆို
ရင်လည်း အမှိုက်ပုံးထဲ ထည့်လိုက် အဲ့အတွက်
ကျွန်တော် ပိုက်ဆံပြန်ပေးမယ်"

ခပ်ရင့်ရင့်ကျွန်တော် ပြောလိုက်သောအခါ အကို့
မျက်ဝန်းထဲ အရည်များ ဖွဲ့သီလို့လာသည် ။

မျက်ရည်ကျ လို့မဖြစ်ဘူးနော်အကို ။ ဒီအကောင်က
အကို့ဆီနောက်ထပ် မကျရှုံးဖို့ ဘယ်လောက်တောင်
တင်းခံထားရသလဲ သိရဲ့လား ။

"ကိုယ်က မင်းကိုစားစေချင်လို့ပါ"

"ကျစ်! အာရုံနောက်လိုက်တာ မစားချင်ဘူး မစား
ချင်ဘူး......လို့"

အတွေးနဲ့ လက်တွေ့နဲ့ တစ်ထပ်တည်း ဖြစ်နေသောအခါအကို့ရင်ဘတ်ပေါ် အကိုယူလာခဲ့သော
ထမင်းလိပ်များ ပြန့်ကျဲလို့ ။ တကယ်မရည်ရွယ်ခဲ့ပါဘူးအကို ။

"ကိုယ်တောင်းပန်ပါတယ်"

ကြမ်းပြင်ပေါ်ကျနေသော ထမင်းလိပ်များကို အကို
က ဘူးထဲ ပြန်ကောက်ထည့်ရင်း အခန်းထဲမှ ခေါင်း
ကြီးငုံ့ကာ ထွက်လို့သွားသည် ။

အကို့ကို မုန်းဖို့ ကြိုးစားနေပေမယ့် အကိုမျက်ရည်
လေးဝဲတာကအစ မခံစားနိုင်တဲ့ ကျွန်တော်အတွက်
တော့ဘယ်လိုများ အကို့ကို မုန်းနိုင်ပါ့မလဲဟင် ။

ရင်ထဲကို မြင်နိုင်အောင် ကြည့်စမ်းပါအကိုရယ် ။
အကိုကြည့်တတ်ရင် မြင်နိုင်ပါလိမ့်မယ် ကျွန်တော်
အကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ။

ခြေစွယ်လက်စွယ်လေးတွေ ငုပ်တာက အစ
လက်သည်းခြေသည်းလေးတွေ မညှိတတ်တာ
အဆုံး အကို့ကိုပြောပြနိုင်ဖို့ အကိုကကျွန်တော့်
ရင်ထဲကိုမြင်အောင်ကြည့်နိုင်ဖို့တော့
လိုပါလိမ့်မယ် အကို ။

Because Of YouTahanan ng mga kuwento. Tumuklas ngayon