Because Of You 18

3K 364 307
                                    


Zawgyi

"ဂျောင်ဆူး ကလေးငယ်"

ထယ်ဂူဆိုသော ကောင်လေးလက်ပေါ် ဖြူဖတ်ဖြူ
ရော် မျက်နှာလေးနဲ့ ကောင်လေးဟာ ကျွန်တော့်
ကို နောက်ဆုံးအချိန်ထိတောင် ပြုံးပြနေခဲ့သည်တဲ့
လေ ။

ဆိုးလိုက်တဲ့ကလေးငယ် နာကျင်ရမှန်းသိသိကြီးနဲ့
တောင် ဒီကအရူးကောင်လက်ကို မြဲမြံစွာ ဆုပ်ကိုင်
ထားသတဲ့ ။

"ကိုကို အဆင်ပြေရဲ့လား"

ကျွန်တော့်ပုခုံးပေါ်တင်လာသော လက်တစ်ဖက်
အား ကျွန်တော် ဆွဲခွာလိုက်မိသည် ။

ကျွန်တော်သည် ထိုသွယ်လျသော လက်ထက်
ခပ်ဖောင်းဖောင်းလက်လေးကိုမှ ပို၍သဘောကျ
မိခဲ့သည်ကို နောက်ကျမှ သိခဲ့ရသည်လေ ။

"ဂျောင် ဆူး...."

"မထိပါနဲ့ အကိုချန်းယောလ် မောင်လေးကို
ဒီလောက်နဲ့ပဲ လွှတ်ပေးလိုက်ပါတော့!!!!"

ကျွန်တော် ကလေးငယ်ဆီ သွားကာ ကလေးငယ်ရဲ့
ပါးပြင်လေးအား ထိရန်ကြိုးစားမိတော့ ယူလေးက
ဒေါသတကြီးအော်ဟစ်ကာ ကျွန်တော့်အား တွန်း
ချလိုက်သည် ။

မဖြစ်ဘူး ကျွန်တော့်မှာ ဒီကလေးငယ်မရှိလို့ မဖြစ်
ဘူး ။

ကျွန်တော်ဘယ်လောက်ပဲနာကျင်အောင်ပြောပါစေ
မျက်ရည် လေးဝဲရုံ လက်သီးလေးဆုပ်ကာမျက်ရည်
မကျအောင်ထိန်းပြီး ပြောသမျှ သည်းခံတတ်တဲ့
ဒီကောင်လေးမရှိလို့ မဖြစ်ဘူး ။

ဟင့်အင်း မဟုတ်ဘူး ကျွန်တော့်ရဲ့ဖြစ်တည်မှုမှာ
ဂျောင်ဆူးဆိုတဲ့ကောင်လေး တကယ်မရှိလို့ကို
မဖြစ်လို့ပါ ။

"အကို တောင်းပန်ပါတယ် ယူလေးရယ် ကိုယ်လေ
ကလေးငယ်ကို "

"ထယ်ဂူ မောင်လေးကို ပွေ့ချီလိုက်တော့ သွေး
ထွက်လွန်နေမယ်"

ကျွန်တော်ပြောနေသမျှကို မကြားချင်ယောင်
ဆောင်ကာ ကလေးငယ်ကို ပွေ့ချီကာ ခေါ်ဆောင်
သွားကြသည် ။

ကလေးငယ်ရေ ကိုယ်တော့ ကလေးငယ်ရဲ့
မေတ္တာတွေဆူးပြီ ထင်ပါရဲ့ ။

ကိုယ့်အနားကနေမင်းထွက်သွားအောင် လုပ်ခဲ့သူက
လည်းကိုယ်ဖြစ်ခဲ့သလို မင်းတကယ်ကြီး ကိုယ့်
အနားကထွက်သွားတော့လည်း အရူးမီးဝိုင်းသလို
ဖြစ်နေရတာလည်း ကိုယ်ပါပဲ ကလေးငယ်ရယ် ။

Because Of YouWhere stories live. Discover now