Because Of You 2

2.8K 331 74
                                    

Zawgyi




"အကို ချန်း​ယောလ်​ ​ရောက်​​နေတာကြာပြီလား"

ဆိုင်​ထဲ ဝင်​ဝင်​ပြီး ချင်းမှာပင်​ အစ်​မရဲ့ ထွက်​လာ​သော
စကား ။

ကျွန်​​တော်​ စုံစမ်းပြီးသိရှိရ​သ​လောက်​က​တော့ အကိုသည်
ချိန်းထားရင်​ အမြဲ​နောက်​ကျမှ ​ရောက်​တတ်​သည်​တဲ့ ။

အစ်​မအတွက်​နဲ့ အကို့ရဲ့ အကျင့်​​တွေ ပြင်​​ပေးရသည်​အထိ
အကိုသည်​ အစ်​မအား ​တော်​​တော်​ချစ်​သည့်​ပုံ ။

"မကြာ​သေးဘူး ယူ​လေးရဲ့ ခုန​လေးတင်​​ရောက်​တာ"

အကိုက အစ်​မအား ယူ​လေးဟု ချစ်​စနိုးဖြင့်​​ခေါ်သည်​ ။
အဲ့လိုပဲ ကျွန်​​တော်​ကလည်း အကို့ကို မြတ်​နိုးစွာဖြင့်
အကို ဟု​ခေါ်သည်​ ။

တရားဝင်​​ခေါ်တာနဲ့ တိတ်​တခိုး​ခေါ်တာပဲ ​ကွာတာပါ​လေ ။
တန်​ဖိုးထားခြင်း​တော့ တူ​လောက်​မှာပါ ။

အစ်​မက အကို့​ဘေးမှာ ဝင်​ထိုင်​​တော့ ကျွန်​​တော်​က
အစ်​မနှင့်​ မျက်​နှာချင်းဆိုင်​တွင်​ ဝင်​ထိုင်​လိုက်​သည်​ ။

အကိုကပြုံးရင်​ သိပ်​လှတာပဲ ။ အကို့ရဲ့ ပါးချိုင့်​​လေး​တွေကိုလည်း ကျွန်​​တော်​ သိပ်​မြတ်​နိုးသည်​ ။

အခွင့်​အ​ရေးများ ရလာခဲ့လျှင်​ တစ်​ခါ​လောက်​​တော့ အကို့
ပါးချိုင့်​ထဲ ကျွန်​​တော့်​ နှုတ်​ခမ်း​လေး ခိုနားချင်​မိသည်​ ။

"ဘာစားမလဲ ယူ​လေး မှာ​လေ"

"အကိုချန်း​ယောလ်​​ရော ဘာမှာထားလဲ"

"ယူ​လေးကကွာ ချစ်​သူ​တွေပဲ ဖြစ်​​နေပြီ ဘာအကိုချန်း
ယောလ်​ လဲ ကို​ဆိုကို ကိုကိုဆိုလည်းကိုကိုလို့​ခေါ်​ပေါ့"

"အာ အကိုချန်း​ယောလ်​ကလည်း"

အကိုက ဒီလို​လေးလည်းက​လေးဆန်​တတ်​​သေးတာပဲ ။
စူပုတ်​ပုတ်​​လေး လုပ်​​နေ​သော အကို့ပုံစံ​လေးသည်
တအားချစ်​စရာ​ကောင်းသည်​ ။

အစ်​မက ရှက်​နေသည့်​ပုံစံ​လေးကို အကိုက တမြတ်​တနိုး
ကြည့်​​နေသည်​ ။

Because Of YouWhere stories live. Discover now