Because Of You 5

2.8K 350 122
                                    


Zawgyi


"ဒီ​ကောင်​ ထယ်​ဂူက အမြဲ​နောက်​ကျ​နေ​တော့တာပဲ"

ဂျောင်​ဆူး ​ကျောင်းကို ​ပုံမှန်​ချိန်​​ရောက်​တာထက်​​တောင်
ထယ်​ဂူ​က​နောက်​ကျလို့​နေသည်​ ။

"ဂိမ်း​​တွေ တအားမ​ဆော့ပါနဲ့လို့ ​ပြောလည်းမရဘူး
တကယ့်​အရူး​ကောင်​"

ပွစိပွစိ လုပ်​​နေ​သော ​ဂျောင်​ဆူး အား ထယ်​ဂူ့ အခန်း
အပြင်​ပြတင်း​ပေါက်​က​နေ ကြည့်​​နေမိသည်​ ။ တအား ပွား
သော အ​သေး​လေးပါပဲ ။

"ဖုန်း​ခေါ်လည်း မကိုင်​ဘူး silent ကလည်း အမြဲလုပ်
ထား​သေး"

"မင်း ငါ့မ​​ကောင်း​ကြောင်း ​ပြောလို့ပြီး​တော့မှာလား"

"ရား လန့်​လိုက်​တာ အရူးရဲ့"

သူ့ကို​တွေ့​တော့ မျက်​​စောင်းကလည်းထိုး​သေးသည်​ ။
အရင်​ရက်​နှင့်​မတူစွာ မျက်​နှာ​လေး ပြန်​လန်းလာ​သော
ဂျောင်​ဆူး​ကြောင့်​ သူ​ပျော်​မိသည်​ ။

အချစ်​ကို လူတိုင်းက ပုံစံအမျိုးစုံနဲ့ ဖွင့်​ဆိုကြတယ်​ ။
ကျွန်​​တော့်​အတွက်​ အချစ်​ဆိုတာက သူ​ပျော်​​အောင်
ဖန်​တီး​ပေးခြင်း ဖြစ်​သည်​ ။

"ဘာလို့​နောက်​ကျ ​နေတာလဲ ဂိမ်း​တွေ ​ဆော့ပြန်​ပြီမ
လား"

"ဟီး​ဂျောင်​ဆူးကလည်း"

"မဖြစ်​​သေးပါဘူး မင်းကို အန်​တီနဲ့ တိုင်​ဦးမှပါ"

"အဲ့လို မလုပ်​သင့်​ပါဘူး​နော်​ ​ဂျောင်​ဆူး​လေးကလည်း"

ထယ်​ဂူ့ရဲ့ ပါးပါးနှင့်​မားမားသည်​ ​ဂျောင်​ဆူး ကိုဆို သား
အရင်းထက်​​တောင်​ ပိုချစ်​ကြသည်​ ။ ထယ်​ဂူ့မှာ ​ဂျောင်​ဆူး
အားအ​တော်​ပင်​​ကြောက်​ကြရသည်​ ။

"မသိဘူးတိုင်​မှာပဲ ကန်​တင်းမှာငါစားချင်​တာဝယ်​​ကျွေး
မယ်​ဆိုရင်​​တော့ တစ်​မျိုး​ပေါ့"

"ငလည်​​လေး လာလာ သွားမယ်​"

"Aigoo ငါတို့ ထယ်​ဂူ​လေးက အ​ကောင်းဆုံးပဲ"

လက်​မ​လေး ​​ထောင်​ပြကာ မျက်​လုံးမှိတ်​မတတ်​ရယ်​ပြ
နေ​သော ​ကောင်​​လေးကို ကျွန်​​တော့်​အသက်​ထက်​ မြတ်
နိုးစွာ ချစ်​ရသည်​ ။

Because Of YouWhere stories live. Discover now