Because Of You Final

3.2K 317 300
                                    

Zawgyi



"အကိုချန်းယောလ်ကို စိတ်ကောက် နေတာထင်
တယ် ဘာဖြစ်နေတာလဲလို့ မေးတာ ညီမတောင်
အော်ခံရသေးတယ် ဟီးဟီး"

ဗိုက်ဆာလို့ အောက်ဆင်းရန်ပြင်စဉ် အကိုရောက်
နေပုံရကာ အစ်မနဲ့ စကားပြောလို့နေသည် ။

အကိုဟာ ဘယ်လိုတွေ အိမ်ကလူတွေကို ချုပ်လိုက်
သလဲ မသိ အကို့ကိုဆို အိမ်ကလူတွေအားလုံးက
"တသားသား" နဲ့ကို ဖြစ်လို့နေသည် ။

ကိုတိုကို ဆိုသော ကောင်မလေးနဲ့ တွေ့သည့်နေ့မှ
စ၍ အကို့အား ရှောင်နေခဲ့တာ အခုဆို တစ်ပတ်
တိတိပြည့်သွားလေပြီ ။

"ကလေးငယ်"

ကျွန်တော့်အား တွေ့သွားပုံရသော အကိုဟာ
မျက်နှာငယ်လေးဖြင့် လှမ်းလို့ခေါ်သည် ။

ကျွန်တော် အကို့အား မျက်စောင်းထိုးရင်း အခန်း
ထဲ ပြန်ဝင်လိုက်သည် ။ ထိုစဉ် အစ်မရဲ့ ခပ်နောက်
နောက် အသံလေးလည်း ကြားလိုက်ရသေးသည် ။

"အလကား မူနေတာ " တဲ့လေ ။

အစ်မသိအောင်ပြောပြချင်သည်..... မူနေတာမ
ဟုတ်ပါပဲ ကျွန်တော် တကယ် စိတ်ဆိုးနေတာ
ဖြစ်ကြောင်း ။

"ကလေးငယ် ကိုယ်ဝင်လာမယ်နော်"

တံခါးကို တမင် ဂျက် မချထားပဲ စေ့ရုံလေးစေ့ထားရသောအကြောင်းရင်းကို ကျွန်တော် မပြောလည်း အကိုသိပါစေလေ ။

အကို့အသံကြားကြားချင်း ကျွန်တော် စောင်ကို
ခေါင်းလုံအောင်ထိ ဆွဲခြုံလိုက်သည် ။ ကျွန်တော်
ဟာ အကိုချော့ဖို့အတွက် ထိုက်တန်တယ်မလား ။

"ကိုယ်မှားပါတယ် တောင်းပန်ပါတယ်နော်"

"..."

"စကားမပြောပဲ နေတာထက် တစ်ခုခုပြောပြီး
ကိုယ့်ကို ရိုက်လိုက်တာပဲ ဖြစ်ဖြစ်လုပ်လိုက်ပါ့လား
ကလေးငယ်ရယ် အခုလိုကြီး ကိုယ်တကယ်မနေ
တတ်ဘူး "

အကို့အသားနာအောင် လုပ်ဖို့မပြောနဲ့ စကားလုံး
တွေနဲ့တောင် အကိုအထိနာအောင် မပြောနိုင်
လောက်အောင်ထိ အကို့ကိုကျွန်တော် သိပ်ချစ်တာ
အကိုမသိခဲ့လေသလား ။

Because Of YouWhere stories live. Discover now