Because Of You 13

2.4K 348 222
                                    

Zawgyi



"နိုးပြီလား ​ဂျောင်​ဆူး"

ကျွန်​​တော်​နိုး​တော့ ကျွန်​​တော့်​​ဘေးနားတွင်​ထယ်​ဂူ​ရောက်
နေ၏ ။ ထယ်​ဂူ့ကို မြင်​မှ ကျွန်​​တော်​ မ​နေ့ကအ​ကြောင်း
ပြန်​​တွေးမိသည်​ ။

အကိုထားခဲ့သည့်​​နေရာ မှာ ​ရပ်​​နေရင်း ထယ်​ဂူလာေ​ခ်ါမှ
ကျွန်​​တော်အသိစိတ်​ဝင်​လာရသည်​ ။ ဒီလိုပုံစံနဲ့ အိမ်​ပြန်
ရင်​ သိပ်​စိတ်​ပူတတ်​တဲ့ အစ်​မက စိုးရိမ်​​နေမည်​ကို ​တွေးမိ
သော​ကြောင့်​ ထယ်​ဂူအိမ်​မှာပဲ အိပ်​လိုက်​​တော့သည်​ ။

"မျက်​နှာသစ်​လိုက်​ဦး ​ရေ​တော့မချိုးနဲ့ မင်းကိုယ်​နည်းနည်း
နွေး​နေတယ်​ ငါစွပ်​ပြုတ်​လုပ်​ထားတယ်​ ပြီးရင်​ ဆင်းလာခဲ့"

စိတ်​ဆိုး​ပြေ​သေးပုံမရ​သေးတဲ့ ထယ်​ဂူက ကျွန်​​တော့်​အား
မကြည့်​ပဲ ​​ပြောစရာရှိတာ​တွေ​ပြောကာ အခန်းထဲမှ
ထွက်​သွားဖို့ပြင်​​နေသည်​ ။

"ထယ်​ဂူ"

"..."

"​ကျေးဇူးတင်​ပါတယ်​"

"​ကျေးဇူးမတင်​နဲ့​ဂျောင်​ဆူး ​နောက်​သာမင်းဒီလိုမဖြစ်​​စေ
နဲ့ ​နောက်​တစ်​ခါများထပ်​ဖြစ်​ခဲ့ရင်​ ငါဒီအတိုင်းငြိမ်​​နေမှာ
မဟုတ်​​တော့ဘူး ငါမင်းကိုမပိုင်​ဆိုင်​ရရင်​​တောင်​ အထိ
ခိုက်​​တော့မခံနိုင်​ဘူး "

ကျွန်​​တော်​ တစ်​ခါတစ်​​လေ ​တော့ စဉ်းစားမိသည်​ ။ ကျွန်
တော့်​အ​ပေါ် အရမ်း​ကောင်းလွန်းတဲ့ ထယ်​ဂူ့ကို ပြန်​ချစ်
ရင်​​ကောင်းမလားလို့​ပေါ့ ။

သို့​သော်​ ထိုသို့​တွေးလိုက်​တိုင်း သိပ်​ကိုအကို့အ​ပေါ်
သစ္စာရှိလွန်းတဲ့ နှလုံးသား​လေးက အပြင်းအထန်​ကန့်
ကွက်​​နေခဲ့​တယ်​​လေ ။

တစ်​​နေ့​နေ့​တော့ သစ္စာရှိလှတဲ့ ကျွန်​​တော့်​ နှလုံးသား​လေး
ကိုအကို စာနာတတ်​လာမှာပါ​နော်​ ။

"အင်းပါ ​နောက်​မဖြစ်​​စေရဘူး ​နော်​​နော်​ ဟီး စိတ်​ဆိုး​ပြေ
တော့"

Because Of YouOù les histoires vivent. Découvrez maintenant