Because Of You 14

2.6K 349 223
                                    


Zawgyi


"Date ရ​အောင်​ silent ​လေး"

မနက်​စာ စား​နေရင်း ကျွန်​​တော့်​ ဖုန်းထဲ ဝင်​လာ​သော
အကို့ရဲ့ message ​လေး​ကြောင့်​ ကျွန်​​တော်​​ပျော်​သွား
မိသည်​ ။ အခုတ​လော ကျွန်​​တော်​ဟာ အကို့ရဲ့ အ​လေး
ပေးမှု​တွေကို ခံလာရသည်​ ။

မ​ဖြစ်​နိုင်​မှန်းသိ​ပေမယ့်​ ​မျှော်​​လင့်​ချင်​​သေးသည်​ ။ အကို
များကျွန်​​တော့်​အ​ပေါ် စိတ်​ယိုင်​လာ​လေမလားဟု ။

"တကယ်​လားအကို တကယ်​လား"

လက်​​တွေတုန်​​နေ​သော​ကြောင့်​ မနည်းထိန်းအား အကို့ဆီ
စာပြန်​လိုက်​ရသည်​ ။ အကိုမသိဘူး ကျွန်​​တော်​ဘယ်
လောက်​​တောင်​ ​ပျော်​​နေလဲဆိုတာ ။

"ပြင်​ဆင်​ထား ​နောက်​တစ်​နာရီ​နေရင်​ လာ​ခေါ်မယ်​"

"ဟုတ်​အကို"

အကိုနဲ့​ပြောပြီး ကျွန်​​တော်​ ခဏလိုင်းသုံး​နေလိုက်​သည်​ ။
လိုင်းသုံးတာထက်​ အကို့အ​ကောင့်​​လေးထဲ ဝင်​ကြည့်​​နေ
တာဆိုပိုမှန်​လိမ့်​မည်​ ။

အကို့အ​ကောင့်​​လေးထဲ ခဏခဏဝင်​ကြည့်​​နေတာ​တောင်
ဘယ်​​တော့မှ ရိုးမသွားနိုင်​​အောင်​ အကိုဘယ်​လို​တွေများ
ကျွန်​​တော့်​အား ပြုစားထားတာပါလိမ့်​ ။

"ဘာလို့ လိုင်း​ပေါ်မှာ ရှိ​နေတာလဲ!"

အကို့ wall ထဲ အကို့တင်​ထား​သော ဓာတ်​ပုံ​လေး​တွေ
ကိုကြည့်​ရင်းအကို့ဆီမှ message ဝင်​လို့လာသည်​ ။

"ပျင်းလို့ခဏ သုံး​နေတာပါ အကို"

"ဟုတ်​လို့လား တစ်​ခြားသူ​တွေနဲ့ chat ​နေမဟုတ်​ဘူး
လား ဘာလဲ ငါ့​နောက်​ကွယ်​မှာ ​ဘယ်​သူ​တွေနဲ့ ​ဖောက်
ပြန်​ဖို့ စဉ်းစား​နေတာလဲ"

"မဟုတ်​ပါဘူးအကို တကယ်​ဘယ်​သူ့နဲ့မှ မ​ပြောရပါဘူး"

တစ်​​လောကလုံးမှာ အကို့ကိုပဲ မြင်​​နေတဲ့ ကျွန်​​တော်​က
တစ်​ခြားသူနဲ့ ​ဖောက်​ပြန်​ဖို့ဆိုတာ ဖြစ်​နိုင်​ပါ့မလားအကို ။

ကျွန်​​တော့်​မှာ အကိုကလွဲပြီး ဘယ်​သူ့မှမရှိ​ကြောင်း
အကို့အားသိ​စေချင်​သည်​ ။ အကို့တစ်​​ယောက်​တည်း
အတွက်​ဖြစ်​တည်​လာတဲ့ ကျွန်​​တော့်​ရဲ့ အချစ်​​တွေကို
အကို့အား မြင်​​စေချင်​သည်​ ။

Because Of YouWhere stories live. Discover now