Because Of You 12

2.5K 352 286
                                    


Zawgyi

အခုတ​လော အကို့​ကြောင့်​နဲ့ အတန်းလည်းသိပ်​မတက်
ဖြစ်​သလို စာလည်း သိပ်​မလုပ်​ ဖြစ်​​သော​ကြောင့်​ လိုအပ်
သောစာများကို ဖြည့်​ရန်​ စာကြည့်​တိုက်​ ​ရောက်​​နေရ
သည်​ ။

အကို့ရင်​ခွင်​ထဲ ပထမဆုံး ဝင်​ခွင့်​ရခဲ့တဲ့​နေရာ​လေးကို
လှမ်းကြည့်​မိ​တော့ ရုပ်​ရှင်​ပြသလို တစ်​ကွက်​ချင်းပြန်​​ပေါ်
လာ​သော​ကြောင့်​ ကျွန်​​တော်​ ပြုံးမိသွားသည်​ ။

အချိန်​တိုင်း ​နေရာတိုင်း ကျွန်​​တော့်​အ​တွေးထဲ
ရောက်​​နေတာ​တော့ မလွန်​လွန်းဘူးလား အကို ။

"အခုတ​လော ခဏခဏ ပြုံး​နေတာ မင်းမရိုး​တော့ဘူး
နော်​"

ကျွန်​​တော့်​​ဘေးနား ဝင်​ကိုင်​ကာ စကားလာ​ပြော​သော
ထယ်​ဂူ့​ကြောင့်​ ကျွန်​​တော်​ လန့်​သွားမိသည်​ ။

"လန့်​လိုက်​တာ အမြဲအဲ့လိုလန့်​​အောင်​လုပ်​ရတာ​ပျော်
လား"

"စကားလမ်း​ကြောင်းမလွှဲနဲ့ ​ဂျောင်​ဆူး ငါ​မေးတာ​မင်း
မ​ဖြေရ​သေးဘူး​"

ရုပ်​တည်​ကြီးနဲ့​မေးလာ​သော ထယ်​ဂူ​ကြောင့်​ ကျွန်​​တော်
နည်းနည်း​တော့လန့်​သွားရသည်​ ။ ထယ်​ဂူနဲ့ခင်​လာတဲ့
တစ်​​လျှောက်​လုံး ထယ်​ဂူဒီလိုဖြစ်​​နေတာမျိုး ကျွန်​​တော်
တစ်​ခါမှမမြင်​ဖူးတာ​ကြောင့်​လည်းပါမည်​ ။

"ဒီအတိုင်း ငါ..."

"ငါသိတယ်​ ငါသိတယ်​ ​ဂျောင်​ဆူး"

"ဟင်​"

အံကြိတ်​ကာ​ပြောလာ​သော ထယ်​ဂူ့အားကြည့်​မိ​တော့
ငိုချင်​တာကို ထိန်းထားပုံရသည်​ ။ မျက်​လုံးများကလည်း
နီရဲလို့ ။

"မင်း ပတ်​ချန်း​ယောလ်​ရဲ့ တိတ်​တိတ်​ပုန်း ရည်းစား လုပ်
ပေး​နေရတာကို ငါသိတယ်​"

ထယ်​ဂူ တစ်​ချိန်​ကျ သိသွားမည်​ကို သိ​သော်​လည်း
ဒီ​လောက်​ မြန်​မြန်​ဆန်​ဆန်​ သိသွားလိမ့်​မည်​ ဟု ကျွန်
တော်​မထင်​ထား​ပေ ။ အင်း​လေ...ထယ်​ဂူဆို​သော လူ
သား​လေးက ကျွန်​​တော့်​အား အမြဲတ​စေ​စောင့်​ကြည့်​နေ
တတ်​သူမလား ။

Because Of YouWhere stories live. Discover now