Because of you 7

2.6K 337 195
                                    

Zawgyi



"အစ်​မ နင်​ဘာဖြစ်​​နေတာလဲ မျက်​နှာလည်းမ​ကောင်း
ပါလား"

အခုတ​လော အစ်​မကို ကြည့်​ရတာ အမြဲငူငူငိုင်​ငိုင်​နဲ့
ဖြစ်​​နေတတ်​သည်​ ။

"ဟင်​ အာ..ဘာမှမဖြစ်​ပါဘူးဟ"

အစ်​မကဝဲ​နေ​သော မျက်​ရည်​စများကို ပါး​ပေါ်သို့ မကျလာ
စေရန်​အ​ပေါ်သို့​မော့ကာ ခပ်​ဟဟ​လေးရယ်​သည်​ ။

"အခုငါ့ကိုပါလိမ်​​နေပြီ​ပေါ့ ​ပြောပြစမ်းပါ ငါတို့မှာ ဒီ​မောင်
နှမပဲရှိတာ​လေ ​ဖေ​ဖေတို့​မေ​မေတို့ကလည်းအ​ဝေးမှာကို
နင်​ ငါ့မှမ​ပြောရင်​ ဘယ်​သူ့ကို​ပြောမှာလဲ"

"Aigooငါ့​မောင်​​လေးကလည်း အ​တော်​​လေးစကား
တွေပါတတ်​လာတာပဲ"

"..."

ကျွန်​​တော်​ ဘာမှပြန်​မ​ပြောပဲ စိုက်​ကြည့်​လိုက်​​တော့
အစ်​မက သက်​ပြင်းကို​လေး​လေးပင်​ပင်​ချရင်း ​ပြောလာ
သည်​ ။

"ဟင်း...အခုတ​လော ကိုက ​ခြေလှမ်း​​တွေပြတ်​​နေတယ်
မောင်​​လေးရယ်​ ငါသိ​နေ​ပေမယ့်​ ထုတ်​မ​ပြောရဲဘူး
ကိုငါ့ကိုထားသွားစိုးလို့"

အော်​ ကျွန်​​တော်​တို့​မောင်​နှမနှစ်​​ယောက်​မှာလည်း အကို့
ထံတွင်​ အချစ်​ကျွန်​ လုံးလုံးကြီးကိုဖြစ်​လို့ ။

ဒါ​ပေမယ့်​ အစ်​မက​တော့ ကျွန်​​တော့်​ထက်​​စာရင်​ အများ
ကြီးသာပါတယ်​​လေ ။ တရားဝင်​ ချစ်​ခွင့်​ရသလို အကို့ဆီကယုယကြင်​နာခွင့်​​တွေလည်း အစ်​မကပိုင်​ဆိုင်​ ရ​သေး
သည်​ ။

ကျွန်​​တော့်​မှာသာ တစ်​​ယောက်​ထဲ ချစ်​လိုက်​ တစ်​​ယောက်
ထဲစိတ်​ဆိုးလိုက်​ နဲ့ သံသရာလည်​​နေ​တော့တာပါပဲ ။

"ဟုတ်​ပါ့မလားဟ အကိုက နင့်​ကိုဒီ​လောက်​ ချစ်​တာကို"

ရင်​နှင့်​ရင်းပြီး ​ပြောလိုက်​ရ​သော စကား​လေးပါပဲ ။
ဒါကို မည်​သူမျှ နားလည်​နိုင်​မည်​ မဟုတ်​ပါ ။

"အဲ့လိုပဲ ဖြစ်​ပါ​စေ ဆု​တောင်းပါတယ်​ ဟိုဘက်​​ကျောင်းက
ကောင်​မ​လေးနဲ့ သတင်း​တွေထွက်​​နေတယ်​ ကိုနဲ့
ငါဘာလုပ်​ရမှန်း​တောင်​မသိ​တော့ဘူး"

Because Of YouWhere stories live. Discover now