Because Of You 19

2.6K 333 171
                                    


Zawgyi


"သား ယောလ်လေး"

ကျွန်တော် ကလေးငယ်ရဲ့ ဆေးရုံအခန်းရှေ့တွင်
ရှိသောထိုင်ခုံလေးတွင် ခေါင်းငိုက်စိုက်ရင်း ထိုင်နေစဉ် ကျွန်တော်မမြင်ချင် မကြားချင်တဲ့ သူရဲ့ အသံကို ကြားလိုက်ရသည် ။

"ဖေဖေ တောင်းပန်ပါတယ် ယောလ်လေးရယ်"

"ခင်များကြောင့် အခုလိုဖြစ်နေရတာတွေက ခင်
များကြောင့်ပဲ "

ကျွန်တော် ငိုရင်း ဗလုံးပထွေးနဲ့ ပြောနေမိသည် ။

"ခင်များသာ အဲ့ဒီ့လူကို မယူခဲ့ရင် ဒီလိုတွေ ဖြစ်လာ
မှာမဟုတ်ဘူး "

"သား "

"မခေါ်ပါနဲ့ သားလို့ ခင်များပါးစပ်က မခေါ်ပါနဲ့
ခင်များကြောင့် ကျွန်တော့်မေမေကို ဆုံးရှုံးခဲ့ရပြီးပြီ
အခုထပ်ပြီး ကျွန်တော် သိပ်ချစ်ရတဲ့သူကို ဆုံးရှုံး
ရပြန်ပြီ "

ကျွန်တော်အား ဖေဖေက သူ့ရင်ခွင်ထဲ အတင်း
ပွေ့ဖက်ကာ ထားတော့သည် ။

"သားလေ သား သူ့ကို အဆုံးရှုံးမခံနိုင်ဘူး သူ့ကိုသာ
ဆုံးရှုံးသွားရင် သား သေ သွား လိမ့် မယ် ဖေ ဖေ"

နှစ်အတော်ကြာမှ ပြန်လည် ဝင်ခွင့်ရသော ဖေဖေ့
ရင်ခွင်ထဲ ကျွန်တော် အတင်းတိုးဝင်ကာ ရှိုက်ကြီး
တငင်ငိုနေမိသည် ။

ဖေဖေသိရဲ့လား သားသူ့ကို မစွန့်လွှတ်နိုင်သလို
အဆုံးရှုံးလည်းမခံနိုင်ဘူး ။

သူ့ကိုသာ ကျွန်တော်လက်လွှတ်လိုက်ရမယ်ဆိုရင် ကျွန်တော့်ကမ္ဘာကြီး ပျက်သုဉ်းသွားရလိမ့်မယ် ။



















လွန်ခဲ့သော '8' နှစ်ခန့်က ~~~~

"မေမေ ဖေဖေပြန်လာမလာသေးဘူးလားဟင်"

"သားလေး အိပ်ချင်နေရင် မေမေချော့သိပ်ပေး
မယ်လေ ဖေဖေကနောက်ကျမယ်နဲ့ တူတယ်"

သူ့ဖေဖေအား စောင့်နေတဲ့ သားလေးအား သူမ
ဘယ်လိုပြောရက်ပါ့မလဲ ။ မင်းဖေဖေဟာ အမေ
မဟုတ်တဲ့ တစ်ခြားသူရင်ခွင်မှာ ပျော်ဝင်နေတယ်
ဆိုတာ ။

"ဖေဖေက အမြဲ နောက်ကျတယ်နော် ယောလ်လေး
ကဖေဖေနဲ့ တစ်ခါလောက်တူတူအိပ်ချင်တာ"

Because Of YouWhere stories live. Discover now