Because Of You 17

2.9K 388 281
                                    


Zawgyi


ကျွန်တော်တို့လူသားတွေသည် ချစ်ခြင်းမေတ္တာ၌
သိပ်ကိုရူးသွပ်လွန်းကြသည် ။ ဘေးလူတွေ ဘာပဲ
ပြောပြော ကိုယ်ချစ်ရတဲ့သူရဲ့ တစ်မျက်နှာသာ
ကြည့်ပြီး အရာရာကို ရင်ဆိုင်ချင်ကြ ၏ ။

သို့သော် ကိုယ်ချစ်ရတဲ့သူက ကိုယ်မဟုတ်တဲ့သူကို
မှချစ်ပါသည် ဆိုလျှင် ကျွန်တော်တို့ ဘာလုပ်ကြ
မလဲ?

ထိုမေးခွန်းအတွက် အဖြေနှစ်မျိုးရှိသည် ။တစ်ချို့
လူတွေကျ ပိုင်ဆိုင်ဖို့ ကြိုးစားကြပြီး တစ်ချို့ကျ
တော့လည်း လက်လွှတ်ပေးလိုက်ကြသည် ။

ကျွန်တော်သာဆိုလျှင်တော့ လက်လွှတ်ပေးလိုက်
မည်ဖြစ်သည် ။

ကျွန်တော့်ဘေးနားမှာနေပြီး ကျွန်တော်၏
ချစ်ရတဲ့သူ စိတ်ဆင်းရဲနေမယ့်အစား သူချစ်ရတဲ့
သူဘေးနားမှာ ပျော်ရွှင်နေတာကို ကျွန်တော်ဟာ
အဝေးကနေ ငေးမောနေမည် ။

"တစ်ခါလောက်ပဲ ကျွန်တော့်ကို ဆွဲထားပေးလို့
မရဘူးလား အကို တစ်ခါလောက်ပါပဲ "

"အကိုသာ ကျွန်တော့်လက်ကို ဆွဲထားပေးရင်
နောင်တမရစတမ်း အကို့ဘေးနား တစ်ဖွားမှမခွာပဲ
နေမိမှာ"

အကိုက ပြုံးကာ ကျွန်တော့်ကို ကြည့်နေသည် ။
အကို့အပြုံးလေးက နွေးထွေးသလို အကို့အချစ်
ကရော ဘယ်လောက်ထိများ ကျွန်တော့်အား
နွေးထွေးစေသလဲ သိချင်မိသည် ။

"ဆွဲထားမယ်မလားဟင်"

အကိုက ခေါင်းညိမ့်ပြကာ လက်တစ်ဖက်ကို
ကျွန်တော့်ဆီကမ်းလို့လာသည် ။

အကို့ရဲ့ခပ်ကြီးကြီး လက်အား ကျွန်တော်ဖမ်းယူ
ရန်ပြင်စဉ် အကို့လက်ဆီရောက်ဖို့အနည်းငယ်အလို
ကျွန်တော့်ထက်ဦးနေသည့် သွယ်လျသော လက်
တစ်ဖက်ကရှိနေခဲ့သည် ။

"အကို"

"သူ့နောက်လိုက်သွားရင် အကိုနဲ့ကျွန်တော် ဘယ်
တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူးနော်"

"ပြီးတော့ ပြီးတော့လေ ကျွန်တော်လေ အကို့ကို
မုန်းလိုက်မှာ "

ကျွန်တော်ဘာပဲပြောပြော အကိုဟာ ပြုံးရင်း
သူ့လက်ထဲတွင် ရှိနေသော လက်တစ်ဖက်ကို
တင်းတင်းရင်းရင်း ဆုပ်ကိုင်လို့ထားရှာသည် ။

Because Of YouWhere stories live. Discover now