Because Of You 11

2.7K 390 313
                                    


Zawgyi



"ဗိုက်​ဆာ​နေပြီ"

လက်​နာ​နေတယ်​ ဆို​သော အ​ကြောင်းပြချက်​နဲ့ အကိုဟာ
ကျွန်​​တော့်​အ​ပေါ် ဂျစ်​တိုက်​​တော့သည်​ ။

အခုလည်း ခပ်​တိုတို စာ​လေးတစ်​​ကြောင်း ပို့ကာ သွယ်
ဝိုက်​​သော အားနည်းဖြင့်​ သူ့အိမ်​ကို​ခေါ်​နေသည်​ ။

ကျွန်​​တော်​က အကို့အနားမှာ ​နေချင်​လွန်းလို့ ရူး​နေရသူ
တစ်​​ယောက်​ပါ အကို ။

တစ်​ချိန်​အကို ကျွန်​​တော့်​ကို
မလိုချင်​​တော့တဲ့ အခါ လွှင့်​ပစ်​မယ်​မှန်းသိသိကြီးရဲ့
နဲ့​တောင်​ရသ​လောက်​​လေး အကို့နားမှာ ကပ်​​တွယ်​​နေချင်​မိသူကလည်း ကျွန်​​တော်​ပါပဲ ။

"ခဏ​လေး​စောင့်​​နော်​ အကိုချန်း​ယောလ်​ ကျွန်​​တော်​ အိမ်​က​နေ အကိုချန်း​ယောလ်​​ စားဖို့ လုပ်​​နေလို့"

ကျွန်​​တော်​ စာကို ခပ်​သွက်​သွက်​ရိုက်​ကာ ပို့လိုက်​သည်​ ။

အကိုက သူ့ဘက်​ကသာ reply ကြာရင်​ကြာမယ်
ကျွန်​​တော့်​ဘက်​က reply
ကြာရင်​ ​ဒေါသထွက်​ကာ ကျွန်​​တော့်​အ​ပေါ် ​ပေါက်​ကွဲ
တတ်​​သေးသည်​ ။

Seen ဖြစ်​သွား​သော စာ​လေးကို ကြည့်​ရင်း ကျွန်​​တော်
ပြုံးလိုက်​သည်​ ။

ကျွန်​​တော်​လည်း အကို့ရဲ့ တိတ်​တိတ်​ပုန်းရည်းစားဘဝ
မှာ ဘယ်​​လောက်​ထိများ ​ပျော်​ရမှာပါလိမ့်​ ။

အစ်​မအ​ပေါ် သစ္စာ​ဖောက်​သလို ဖြစ်​​နေမှန်းသိ​ပေမယ့်
အကို့နား​လေးမှာ ​နေရဖို့အ​ရေး ကျွန်​​တော်​ ဒီလို ဆုံးဖြတ်
လိုက်​ရမှန်း အစ်​မသိသွားတဲ့အခါ အစ်​မနားလည်​နိုင်​မှာ
ပါ​နော်​ ။

"အကို့ဆီက အချစ်​ခံရဖို့က ဘာလို့များ ဒီ​လောက်​ခက်​ခဲ
နေရတာပါလိမ့်​"

ဟင်း....ကျွန်​​တော့်​အတွက်​မို့လို့သာ အချစ်​ခံရဖို့ ခက်​ခဲတာ​ ​နေပါလိမ့်​မည်​ ။












"ကိုကိုကလည်း date ရ​အောင်​ပါဆို"

တံခါး​လေး ​စေ့ရုံသာ ​စေ့ထား​သော အကို့အိမ်​ထဲ ကျွန်
တော်​ ဝင်​သွား​တော့ ကျွန်​​တော်​ အမုန်းဆုံး မြင်​ကွင်းကို
မြင်​လိုက်​ရသည်​ ။

Because Of YouWhere stories live. Discover now