Because Of You 24

2.5K 299 159
                                    


Zawgyi


"ဖိုက်တင်း အကို နိုင်အောင်ဆော့"

ညဘက်ကြီးအကိုဟာ ကျွန်တော့်အား ဖုန်းဆက်
ရင်း သူ့သူငယ်ချင်းတွေနဲ့ basketball ဆော့ဖို့
အကြောင်း လှမ်းပြောသည် ။

အကို့အား စိတ်မချနိုင်သော ကျွန်တော့်အဖို့ အကိုတို့ဆော့သော နေရာအထိ အရောက်လာခဲ့ရပြန်
သည် ။

"ဟာ အကို ဘယ်လိုဖြစ်"

"Basketball မဆော့ချင်တော့ဘူး ကလေးငယ်
အနားမှာပဲ နေပြီး ချွဲချင်တယ်"

ကွင်းထဲ ရောက်ဖို့အလို အကိုဟာ ကျွန်တော့်ဆီအ
ပြေးပြန်ရောက်လာပြီး ကျွန်တော့်ပုခုံးပေါ်
မေးတင်ရင်း ချွဲနေပြန်သည် ။

လူကောင်ကြီးနဲ့မှမလိုက် ချွဲလိုက်တာဟု ကျွန်တော်
ပြောသောအခါ အကိုဟာ စူပုတ်ရင်း

ကလေးငယ် မို့လို့သာ ချွဲခြင်း ဖြစ်ကြောင်း မကျေမ
နပ်နဲ့ ပြောဦးမည် ။

"ဟိုမှာ အကို့ကိုစောင့်နေကြတယ်လေ ကလေးဆိုး
ကြီးလို ဂျစ်နေပြန်ပါပြီ ကြည့်ဦး "

"အာဘွားပေး ကွင်းထဲထိရောက်အောင်တောင်
လမ်းလျှောက်ဖို့ အားမရှိတော့ဘူး"

လူလည်ကြီးဟာ တစ်မျိုးမဟုတ် တစ်မျိုး ဂျစ်တိုက်
နေတော့တာပါပဲ ။

"ဂျောင်ဆူးရေ အဲ့ကောင် ဘာတွေ ဂျစ်နေလဲတော့
မသိဘူး သူလုပ်ခိုင်းတာ လုပ်ပေးလိုက်စမ်းပါ
မဟုတ်ရင် ငါတို့ ဒီတစ်သက် ကစားရတော့မှာ
မဟုတ်ဘူးဟ"

"တွေ့လား ကလေးငယ်က အာဘွားပေးလိုက်ရင်
ပြီးနေပြီကို"

အကို့ သူငယ်ချင်းတွေထဲကတစ်ယောက်က စကာ
အော်ရင်းပြောတော့ အကိုဟာ ပြုံးစိစိဖြင့် အတင်း
နမ်းခိုင်းနေသည် ။

"အင်းပါ အင်းပါ *မွ* နိုင်အောင်ဆော့နော်
အများကြီးလည်း အပင်ပန်းမခံနဲ့ ချစ်တာသိ
ပြွတ်စ် "

"ဟာ အကို!!!"

"ချစ်တယ် ကလေးငယ် ဟီးဟီး"

လျှပ်တပြက် ကျွန်တော့်နှုတ်ခမ်းပေါ် ရောက်ရှိလာ
သောအကို့အနမ်းခပ်နွေးနွေး ။ အကို့အား စူးစိုက်
ကာကြည့်မိတော့ အပြစ်လုပ်ထားသော ကလေး
ငယ်လို တဟီးဟီး နှင့်ရယ်ပြရင်း ချစ်ကြောင်းတွေ ပြောနေပြန်သည် ။

Because Of YouWhere stories live. Discover now