Because Of You 10

2.6K 346 231
                                    


Zawgyi

မ​နေ့ညက အကို့ရင်​ခွင်​ထဲ အိပ်​​ပျော်​သွားလိုက်​တာ
မနက်​နိုးလာ​တော့ အကိုကကျွန်​​တော့်​နားမှာ ရှိမ​နေ​တော့
ပေ ။

သို့​သော်​ ကျွန်​​တော့်​ကိုယ်​​ပေါ်တွင်​ အကိုရဲ့ အ​ပေါ်ထပ်
Hoodie ​လေး ရှိ​နေခဲ့ သည်​ ။ အကို့အတွက်​ ဘာမှ
မဟုတ်​တဲ့ အပြုအမူ​လေး​တွေက ကျွန်​​တော့်​ အတွက်
တော့ ကမ္ဘာကြီး တစ်​ခုပါပဲ အကိုရယ်​ ။

"နှိုး​တောင်​ မနှိုးသွားဘူး အကိုက တကယ်​ဆိုးတာပဲ"

ကျွန်​​တော်​ နှုတ်​ခမ်းစူလိုက်​မိသည်​ ။ တကယ်​တမ်းပြန်
စဉ်းစားကြည့်​မိ​တော့ ကျွန်​​တော်​ စိတ်​ဆိုးရ​လောက်
အောင်​ အကိုနဲ့ ကျွန်​​တော့်​ရဲ့ ပတ်​သက်​မှုက ​ယောက်​ဖ
ဆက်​ဆံ​ရေးထက်​ ပိုမှ မပိုခဲ့ပဲ ။

ကျွန်​​တော်​ကသာ တစ်​ဖက်​သတ်​ ချစ်​​နေခဲ့ရတာ​လေ ။

တစ်​ညတာ အကို့ရဲ့ ​ပွေ့ဖက်​ခြင်း​​ခံရတာနဲ့ ကျွန်​​တော်​က
အပိုင်​ကို ​တွေး​နေ​တော့တာပဲ ။

"အရှက်​မရှိလိုက်​တာ ဒို​ဂျောင်​ဆူးရယ်​ "

ခပ်​ဟဟ ရယ်​လိုက်​​ခြင်းရဲ့ ​နောက်​မှာ ကျွန်​​တော့်​ရဲ့
ပါးပြင်​​လေး အနည်းငယ်​ စိုစွတ်​သွားသည်​ ။ ကျွန်​​တော်
ငိုလိုက်​မိတာပဲ ။

ကျွန်​​တော့်​ရဲ့ ​ရယ်​ခြင်း ငိုခြင်းသည်​ အကိုနှင့်​သာ
သက်​ဆိုင်​သည်​ ။ ဒါကလည်း ကျွန်​​တော့်​ရဲ့ တစ်​ဖတ်
သတ်​​ခေါင်းစဉ်​ ​တပ်​ခြင်းပါ​လေ ။

တကယ်​တမ်းကျ အကိုက သိ​တောင်​ မသိခဲ့ပဲ ။

"အကိုနဲ့ ချစ်​သူ​တွေ ဖြစ်​သွားရင်​ အကိုဘာ​ရေ​မွှေးသုံး
တာလည်း ​မေးပြီး အကိုနဲ့ဆင်​တူ လိုက်​သုံးရမယ်​ အီး
အကိုရဲ့ ကိုယ်​သင်းရနံ့​လေးကို သ​ဘောကျလိုက်​တာ"

လက်​ထဲတွင်​ ရှိ​သော အကို့ hoodie ​လေးကို ​မွှေး
ကြည့်​လိုက်​မိသည်​ ။ ဒီအနံ့​လေးသည်​ ညက အကို့ရင်
ခွင်​ထဲ ဝင်​ခဲ့တုန်းက ရခဲ့သည့်​ အနံ့​လေး ။

တစ်​သက်​တာ ​မေ့မရ​တော့မည့်​ ရနံ့​လေး ။

Remove control သာ ရှိရင်​ ကျွန်​​တော်​​တော့
ထိုအချိန်​​လေးကိုပဲ ခဏခဏ ထပ်​တလဲလဲ လုပ်​ထားမိမလားပဲအကို​​ရယ်​ ။

Because Of YouWhere stories live. Discover now