Because Of You Extra

2.6K 260 34
                                    

Zawgyi

"အကို နိုးပြီလား"

မနေ့ညက တစ်ယောက်တည်းမအိပ်ရဲလို့ ကျွန်
တော့်အား သူနဲ့အတူ လာအိပ်စေရန် ဂျစ်တိုက်
သော အကိုဟာ အခုလည်း ကျွန်တော့်အား
အနောက်ကနေ သိုင်းဖက်ရင်း ချွဲနေပြန်သည် ။

"အိပ်ရေးမဝသေးဘူးလား အကိုရဲ့"

"ကလေးငယ်က ကိုယ့်အနားမှာမှ မနေတာ"

မျက်နှာအား ကျွန်တော့်ပုခုံးနှင့် ခပ်ဖွဖွ ပွတ်သပ်
နေသောအကိုဟာ ကြောင်လေးတွေလို ။

"ချွဲတယ်ဗျာ မျက်နှာမသစ်ရသေးဘူးမလား
အကိုညစ်ပတ်လေး"

"ကလေးငယ်က သစ်ပေးပါလား"

မျက်စိမပွင့်တပွင့်ဖြင့် ပါးချိုင့်ကြီးပေါ်အောင်
ရယ်ပြလာသော အကို့ပါးတစ်ဖက်အား အနမ်းတစ်
ပွင့် အပ်နှင်းမိတော့ လူလည်ကျသော အကိုက
ကျွန်တော့်နှုတ်ခမ်းပါးကိုပါ ရန်ရှာလို့လာသည် ။

ဆိုးလိုက်တဲ့ အကို ။

"အကို!!!"

ရုတ်တရက် ပွေ့ချီလိုက်သော အကို့ကြောင့် ကျွန်
တော့်မှာ အကို့လည်ပင်းအား အလျင်အမြန် သိုင်း
ဖက်လိုက်ရသည် ။

ထို့သို့လည်း အကိုက ရင်တုန်အောင် လုပ်တတ်ပါ
သေးသည် ။

"အဲ့လို မပြောမဆိုနဲ့ လူကိုရင်တုန်အောင် မလုပ်
ပါနဲ့ဆို ဘယ်လိုပြောပြောမရဘူး"

ဘေစင်နှင့် တစပ်တည်း လုပ်ထားသော ဘောင်
ပေါ်သို့ ကျွန်တော့်အား တင်နေသော အကို့နဖူးအား
ဖတ်ခနဲ မြည်အောင် ရိုက်ချလိုက်သည် ။

"စူပုတ်မထားနဲ့နော်"

"ဘာဖြစ်လဲ စူပုတ်တော့ မကျေနပ်ဘူးလား"

"ဒီနှုတ်ခမ်းကို ဖူးယောင်အောင် နမ်းပလိုက်မှာ
ဘာမှတ်နေလဲ ကိုယ့်ကို"

ခပ်စူစူ ဖြစ်နေသော ကျွန်တော့်နှုတ်ခမ်းတစ်စုံ
လုံးအား အကိုဟာ သူ့ရဲ့ လက်မနှင့်လက်ညှိုးအား
အသုံးပြုကာ ဆွဲလိုက် ရယ်လိုက်လုပ်လို့နေသည် ။

"ချစ်တယ် ကိုယ့်ရဲ့ ပိစိလေး"

နဖူးပေါ် စွန့်ကြဲလာသော အကို့ အနမ်းအောက်
ကျွန်တော့်ဘဝကြီးတစ်ခုလုံး အကို့အားပုံပေးဖို့
အတွက် အဆင်သင့်ဖြစ်လို့နေခဲ့တယ် ။

Because Of YouWhere stories live. Discover now