Because Of You 3

2.6K 323 81
                                    

Zawgyi



"​ဂျောင်​ဆူး အိမ်​တကယ်​မပြန်​တာ​ ​သေချာလား"

ထယ်​ဂူ့ပါးပါးနဲ့ မားမားက America မှာ​နေပြီး ထယ်​ဂူ့
က​တော့ ဒီမှာ​ကျောင်းတက်​​​ကာ တစ်​​ယောက်တည်း​နေ
သည်​ ။

ကျောင်းပိတ်​ရက်​​တွေ ထယ်​ဂူပြန်​တိုင်း ကျွန်​​တော်​က
တစ်​ခါတစ်​ရံလိုက်​သွား​လေ့ရှိသည်​ ။ ဒါ​ကြောင့်​ ထယ်​ဂူ့
ပါးပါးနဲ့မားမားက ကျွန်​​တော့်​ဆို အရမ်းချစ်​ကြသည်​ ။

အခုလည်း ကျွန်​​တော်​ အိမ်​မပြန်​ချင်​​သော​ကြောင့်
ထယ်​ဂူ့ဆီ​ရောက်​​နေခြင်း ။

ကျွန်​​တော်​ ​လေးပင်​စွာ ထယ်​ဂူအား ​ခေါင်းငြိမ့်​ပြလိုက်
သည်​ ။ ဒီ​နေ့တစ်​ရက်​​တော့ စိတ်​လွတ်​လက်​လွတ်​ အကို့
ကိုလွမ်းမည်​ ။ အကို့ကို ကျွန်​​တော်​က ဘယ်​​တော့မှ မပိုင်
ဆိုင်​နိုင်​​ကြောင်း ​​တွေးမိတဲ့အခါ ငိုမည်​ ။

အိမ်ပြန်လို့အ​​စ်​မမျက်​နှာ​ကို​တွေ့ရင်​ ကျွန်​​တော်​ အကို့ကို
သတိရ​နေမှာကို မလိုချင်​ ။

အခုသတိမရဘူးဆိုလား​တော့လည်း မဟုတ်​ ။ တကယ်
တမ်းကျ တစ်​ဖက်​သတ်​ အချစ်​က အရမ်းပူ​လောင်​လွန်း
ပါတယ်​ ။

ကျွန်​​တော်​တို့​တွေဟာ ပိုးဖလံ​ကောင်​​လေး​တွေလိုပါပဲ ။
ဒီမီးထဲတိုးဝင်​ရင်​ သူ့တို့​လောင်​ကျွမ်းမယ်​ ဆိုတာသိသိ
ကြီးနဲ့ တိုးဝင်​ကြသလို ကျွန်​​တော်​တို့ကလည်း ကိုယ့်​ကို
မချစ်​တဲ့ သူတစ်​​ယောက်​ကို ​မေ့မပစ်​နိုင်​ဘဲ နာကျင်ရမှန်း
သိလည်း လက်​မလွှတ်​ခဲ့ကြပါဘူး ။

"ဒါဆို ငါအစ်​မယူဆူးကို ဖုန်းဆက်​လိုက်​မယ်​​နော်​"

ဘာမှမ​ပြောချင်​​လောက်​ကို ကျွန်​​တော်​ တိတ်​ဆိတ်​​နေမိ
သည်​ ။ အကို့ကို အစ်​မကပိုင်​ဆိုင်​​နေသည်​ ဟူ​သော
အမှန်​တရားကို ကျွန်​​တော်​ ခက်​ခဲစွာ လက်​ခံနိုင်​ရန်​ကြိုး
စားရ​ပေဦးမည်​ ။

"Hello အမယူဆူးလား ကျွန်​​တော်​ထယ်​ဂူပါ"

"..."

Because Of YouWhere stories live. Discover now