Because Of You 8

2.6K 321 142
                                    

Zawgyi



"အရူး​ကောင်​ မင်းမလာ​သေးဘူးလား ငါ​စောင့်​​နေတာ
ကြာ​နေပြီ"

ရုပ်​ရှင်​ရုံ​ရှေ့မှာ ထယ်​ဂူ့အား​ဖုန်းဆက်​ရင်းအကို့အား
ရုတ်​တရက်​လှမ်း​တွေ့လိုက်​ရသည်​ ။

အကိုတစ်​​ယောက်​ထဲ​တော့ မဟုတ်​ခဲ့ပါ ။ အကို့ရဲ့ ​ပွေ့
ဖက်​ခံထားရမှု​အောက်​ တွင်​ baby ဟုအကိုသတ်​မှတ်
ကောင်​မ​လေးပါ ရှိ​နေခဲ့ပါ သည်​ ။

"ဒါပဲ​ကွာ မင်းအမြန်​လာခဲ့​တော့"

တစ်​ဖက်​က ထယ်​ဂူရဲ့ ဘာဖြစ်​တာလဲ ဆို​သော အသံ
ကိုလျစ်​လျူရှုရင်း ဖုန်းကိုအလျင်​အမြန်​ချပစ်​လိုက်​သည်​ ။

အကိုက အစ်​မ​နောက်​ကွယ်​မှာ ​ကောင်​မ​လေးဘယ်
နှစ်​​ယောက်​​တောင်​ ထပ်​များရှိ​နေသလဲ ။

ရိုးသားလွန်းတဲ့ အစ်​မက​တော့ မျက်​စိပိတ်​နားပိတ်​ဖြင့်
ကျွန်​​တော့်​လို အရူးတစ်​​ယောက်​လိုမျိုး ရင်​ငုံနှုတ်​ပိတ်
နေ​နေဦးမည်​ ။

ကျွန်​​တော်​တို့ ​မောင်​နှမ နှစ်​​ယောက်​လည်း ဝဋ်​​ကြွေး
ကြီးလှချည်​ရဲ့ ။

ကံတရားရဲ့ လှည့်​စားမှုက အ​တော်​​ကြောက်​စရာ
ကောင်းလှသည်​ ။ တစ်​​နေ့တည်း ​တစ်​​နေရာတည်း
တစ်​ချိန်​တည်း အကိုနှင့်​အတူ ရုပ်​ရှင်​ကြည့်​ရန်​ အ​ကြောင်း
ဖန်​လာခဲ့​လေပြီ ။

တစ်​ရုံတည်းအတူတူကြည့်​ရတာပဲ အကိုနှင့်​အတူဆို
သောစကား​လေးကို ကျွန်​​တော်​ သုံးခွင့်​ရှိပါတယ်​​နော်​ ။

အကိုက အဲ့​ကောင်​မ​လေးရဲ့ လက်​က​လေးကို
ဆုပ်​ကိုင်​ရင်း ရုပ်​ရှင်​ရုံထဲတွင်​ မုန့်​စားဖို့ ဝယ်​​နေကြသည်​ ။

ကျွန်​​တော်​က​တော့ အကို့​ရဲ့ ​ဘေးတိုက်​မြင်​​နေရ​သော
မျက်​နှာ​လေးကို ကြည့်​မိသည်​ ။

ဒီမြင်​ကွင်းကိုသာ အစ်​မမြင်​သွားရင်​ အစ်​မခံနိုင်​ရည်​ ရှိ
ပါ့မလားပဲ ။

ကျွန်​​တော့်​အတွက်​​တော့ ဒီမြင်​ကွင်း​တွေက ရိုးအီ​နေပါ
ပြီ​လေ ။

Because Of YouWhere stories live. Discover now