"ဝှါး"
မက်မွန်သီးရဲ့အလိုကျ ညစာလိုက်ကျွေးပြီးတဲ့နောက်မှာ Jungkookတစ်ယောက်အတော်လေးစိတ်ပင်ပန်းသွားရှာသည်ထင်ပါရဲ့။တဝှါးဝှါးသန်းနေပြီမို့ ဖြစ်သလိုအိပ်ရန်အိပ်ခန်းထဲကခေါင်းအုံးယူဖို့ ဝင်လာခဲ့သည်။
မက်မွန်သီးကိုတော့ မတွေ့ရ။ကိုယ်လက်သန့်စင်နေတာ ဖြစ်မှာပေါ့။အဲနေပါဦးခေါင်းအုံးကနှစ်လုံးဖြစ်နေပါလား။Jungkookခေါင်းကုတ်ကာစဉ်းစားလိုက်သည်။
အမှန်ဆို တစ်ညတာကုန်ဆုံးဖူးတဲ့မိန်းမတွေကိုတောင်အိပ်ရာပေါ်ပေးအိပ်ဖူးတာမဟုတ်။မထင်ရဘူးမလား ဒါပေါ့ဗျာ မဖြစ်နိုင်ဘူးလို့လဲတွေးကြမှာပေါ့ တကယ်က sexလုပ်ပြီးရင်ပင်ပန်းလို့အိပ်ပျော်တာမျိုး Jeon Jungkookရာဇဝင်မှာမရှိ။
ကိစ္စပြီးပြတ်တာနဲ့ မူလအစနေရာမှာ ပြန်ထားတတ်တဲ့ လူစားမျိုးမို့ ဂဂျိုးဂဂျောင်နိုင်တယ်ပြောလျှင်လည်း မငြင်းပါ။အခုလိုခေါင်းအုံးသက်သက်ယူလာတော့လည်းကောင်းတာပေါ့။
အဖြူလိုလို အပြာလိုလိုအရောင်နုနဲ့ခေါင်းအုံးက မက်မွန်သီးဟာဖြစ်နိုင်တာမို့ မိမိခေါင်းအုံးကိုပဲဆွဲယူကာ ဧည့်ခန်းဘက်ကို ပြန်ထွက်ကာ တချိုးတည်းလှဲချပစ်လိုက်သည်။
သိပ်စိတ်ပျက်စရာကောင်းတဲ့ ညပါပဲ။
ရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားကာ ငုတ်တုတ်ထထိုင်လိုက်ပြီး အိပ်ခန်းဘက်ကိုတချက်ခိုးကြည့်လိုက်သည်။မီးရောင်ခပ်ဖျော့ဖျော့လင်းနေဆဲ ဖြစ်တာမို့ သက်ပြင်းအသာချလိုက်သည်။
ဒင်း ဗိုက်ကိစ္စကြောင့်ဟိုဒင်းဟိုဟာတောင်မပြီးလိုက်ရဘူးလေ။Prismကိုလည်း စိတ်ရှုပ်ရှုပ်နဲ့ဘယ်လိုပြန်လွှတ်လိုက်လဲ မမှတ်မိတော့။အခုနေ စိတ်ဖြေစရာလည်းဘာမှမရှိတော့တာမို့ အိပ်ဖို့သာမဲတင်းရုံရှိသည်။
မျက်လုံးတွေကို မှိတ်လိုက်တော့ အိပ်ခန်းဆီကပျံ့လွင့်လာတဲ့တေးသွားတစ်ခုကိုကြားလိုက်ရသည်။တကယ်ကို တိုးတိုးလေးဆိုပေမဲ့ တစ်အိမ်လုံးမှာနှစ်ယောက်တည်းရှိသည့်အပြင်အခန်းတံခါးလည်းဖွင့်ထားတာမို့ထင်ပါရဲ့တေးသွားကိုသေသေချာချာကြားနေရသည်။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)