မင်းနှလုံးသားဆီ Bungee

16.5K 1.6K 99
                                    

" JUNGKOOK!"

"အား! ဘာဖြစ်​လို့လဲ"

"အမြန်​ထ အမြန်​ထ အပြင်​ကိုလာကြည့်​"

Omegaရဲ့ အ​လောတကြီး​ခေါ်သံ​ကြောင့်​Jungkook အိပ်​နေရာကပင်​ငေါက်​ခနဲထထိုင်​မိသည်​။

ဘုရား ဘုရား မီး​တွေဘာ​တွေများ​လောင်​နေလို့လား။Jungkookလိုလိုမယ်​မယ်​အ​ရေးကြီးစာရွက်​စာတမ်း​တွေထည့်​ထားတဲ့အိတ်​ကို ထုတ်​ယူပြီး အိပ်​ခန်းထဲက​ပြေးထွက်​ခဲ့သည်​။

"လာလာ ဒီကိုလာ"

"ဘာလဲ ဘာဖြစ်​တာလဲ​တော်​တော်​များလား"

"အင်း အများကြီးပဲ"

Omegaဖွင့်​လိုက်​တဲ့ လိုက်​ကာ​နောက်​ကမြင်​ကွင်းကိုကြည့်​ပြီး Jungkook ကိုယ်​နဖူးကိုယ်​ရိုက်​ရင်း "​သေလိုက်​ပါ​တော့" လို့သာရွတ်​လိုက်​သည်​။

"ပထမဆုံးနှင်းကျတာပဲ ဟီးဟီး မလှဘူးလား"

Jiminတစ်​ယောက်​ဘေးပတ်​ဝန်းကျင်​ကို သတိထားမိပုံမ​ပေါ်။Jungkook​ခေါင်းက​တော့​မီးထ​တောက်​လို့ မီးခိုး​တွေပါအူ​နေပြီ။မျက်​လုံးကြီး​တွေဆို ပြူးလို့​Jiminကိုမ​ကျေမနပ်​ကြည့်​နေသည်​။

"နှင်းလုံးသွားပစ်​ရင်​မ​ကောင်းဘူးလားဟင်​Jungkook"

"မ​ကောင်း ဘူး!"

အ​ကြောင်းအရင်းမရှိ​ထ​အော်​တာမို့ Jiminခမျာ မျက်​လုံး​လေး​ပေကလပ်​ပေကလပ်​နဲ့။​စေတနာနဲ့ ပထမဆုံးနှင်း​တွေကျ​နေတာ လှလို့​ခေါ်လည်းပြရ​သေးတယ်​။​

"နှလုံးသားမရှိလိုက်​တာ"

Jiminတိုးတိုး​လေး​ရေရွတ်​လိုက်​သည်​။အိပ်​ရာထစမို့ မို့အစ်​အစ်​လေးဖြစ်​နေတဲ့ Jiminမျက်​နှာ​လေးဟာ​မှန်​ပြင်​ဘက်​က နှင်းမှုန်​စ​တွေလို သန့်​စင်​ကြည်​လင်​နေသည်​။

"Jungkook ဒီ​နေ့ ဘာ​နေ့လဲသိလား"

"မသိချင်​ဘူး မ​ပြောနဲ့"

Jimin နှုတ်​ခမ်းဆူလိုက်​မိသည်​။Alpha​တွေက တကယ်​ကိုကြမ်းတမ်းတာပဲ။ဘယ်​တတ်​နိုင်​မလဲ Jungkookဆီကအာရုံစိုက်​ခံရဖို့ မျက်​နှာ​ပြောင်​ရ​တော့မှာပဲ။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now