Mommy and Jungmin

14K 1.8K 126
                                    

အခန်းထဲမှာရှိနေသည့် လူအကုန်လုံးရဲ့အကြည့်တွေက သူတို့သားအဖဆီမှာသာ ကျောက်ချကုန်ကြသည်။ သားကလည်း Jiminဆီသွားချင်လွန်းလို့ လက်ကလေးတလှမ်းလှမ်းနှင့် ချီထားသည့် Jungkookလက်တွေထဲမှ ရုန်းကန်နေတော့သည်။

သား.....။

Jimin ထိုင်ခုံမှ သတိလက်လွတ်ထမိတော့မည့်ဆဲဆဲ ဘေးခုံမှာထိုင်နေသည့် Hueningက လက်ကိုဆွဲပြီးသတိပေးလိုက်တာမို့ သားကိုပြေးချီချင်စိတ်ကို ရင်နာနာနှင့်ချိုးနှိမ်ထားလိုက်ရသည်။

Jungkookမျက်နှာပေါ်မှ မယုံနိုင်သည့်မျက်ဝန်းများနှင့် ပျော်ရွှင်သွားသည့်အရိပ်အယောင်တွေကို ဆက်ပြီးမကြည့်နိုင်တာမို့ Jiminအမြန်ဆုံးခေါင်းငုံ့လိုက်သည်။

"ထိုင်လေ Jungkook"

"အာ ဟုတ်ကဲ့ ဟျောင်း"

သားရဲ့ကျောပြင်ကိုခပ်ဖွဖွပုတ်ကာ ချော့မော့လိုက်ရင်း  ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ မျက်လုံးထဲ ခေါင်းငုံ့ကာအကြည့်လွှဲသွားတဲ့ မက်မွန်လုံးရဲ့ပုံရိပ်ကိုသာ မြင်ယောင်နေမိသည်။

"အန်ကယ်လ် ဒါက ကျွန်တော့်ရဲ့အသိညီလေး Jeon Jungkookတဲ့ ဆွေမျိုးတစ်ပိုင်းတောင်ဖြစ်နေပြီလေ"

"တွေ့ရတာဝမ်းသာပါတယ်"

သူ့အရှေ့မှ တခါမှမမြင်ဖူးသည့်ပုဂ္ဂိုလ်ကို Jungkook တရိုတသေနှုတ်ဆက်လိုက်သည်။ ထိုပုဂ္ဂိုလ်ကလည်း သူ့အားအသိအမှတ်ပြုသည်ဟုထင်ရသော အကြည့်တစ်ချက်ပြန်လည်တုံ့ပြန်လေသည်။

"အဲ့"

သားကို မက်မွန်လုံးလေးအား နောက်ကျောပေးကာချီထားတာမို့ သားကလည်ပြန်လေးနှင့် အရှေ့ကိုမရမကလှည့်ပေးရန် အမူအရာနဲ့အသံသေးသေးလေးမှတစ်ဆင့် သူ့ကိုအချက်ပြလာသည်။

"Jungminလေးတောင် အတော်ထွားလာတာပဲကွ"

နံဘေးခုံမှ ချာမင်က Jungminရဲ့ပါးလေးကိုဆွဲကာ ပြောလာသည်။ Jungkook အမှတ်မထင် မက်မွန်လုံးလေးကိုကြည့်မိလိုက်တော့ သားကိုငေးကြည့်နေသည့်ပုံရိပ်ကလေးကို တွေ့လိုက်မိသည်။ ထို့ကြောင့်ပင် သားကိုအရှေ့ဘက်တည့်တည့်သို့ လှည့်ကာပွေ့ချီပေးလိုက်မိသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now