Don't touch my Omega!

17.5K 1.9K 172
                                    

"​ဟေး​ဟေး​ဟေး"

တစ်​ပတ်​လုံးလုံး မက်​မွန်​သီးနှိပ်​စက်​သမျှကိုလူးလိမ့်​နေ​အောင်​ခံရပြီးတဲ့​နောက်​မှာ သူ​မျှော်​လင့်​နေရတဲ့weekendကို တဖန်​ရောက်​ရှိလာပြီဖြစ်​သည်​။

ဒီ​နေ့ည​တော့ အပီအပြင်ကို​ကဲပစ်​လိုက်​ဖို့ Jungkook​တေးထားပြီးသားဖြစ်​သည်​။​သောက်​မည်​ စားမည်​ ပျော်​ပါးမည်​။မြာ​ပွေတယ်​ဆိုတာ သူ့အတွက်​ရိုး​နေပြီဖြစ်​တဲ့ စကားတစ်​ခွန်းပင်​။

"အား"

လည်​ချောင်းတစ်​လျှောက်​ခုန်​ဆင်းတဲ့ယမကာ​တွေဟာ​ ပူပြင်းလောင်​မြိုက်​မှုနဲ့အတူ သူ့နှုတ်​ခမ်း​တွေကိုပြုံးသွား​စေသည်​။လုံးဝ သူ့စိတ်​တွေကို ဒီယမကာထဲမှာစိမ်​ပြီး နစ်​မြုပ်​ထားလိုက်​ဦးမည်​။

သုံးခွက်​မြောက်​ယမကာခွက်​အဆုံးမှာ​တော့​ ဘေးဘီဝဲယာကိုတချက်​အကဲခတ်​လိုက်​သည်​။မလှမ်းမကမ်းက ထိုင်​ခုံမှာထိုင်​နေတဲ့ အလှပ​ဂေး​လေးတစ်​ယောက်​။မျက်​လုံးချင်းဆုံသည်​နှင့်​တပြိုင်​နက်​ ဘာကိုဆိုလိုချင်​လဲဆိုတာကို နားလည်​ပုံရသည်​။ချက်​ချင်းဆိုသလို သူ့အနားကို​လျှောက်​လာသည်​။

ခု​လောက်ဆို​ ယမကာအရှိန်​ကြောင့်​ ရီ​ဝေ​နေပြီဖြစ်​တဲ့မျက်​လုံး​တွေထဲမှာ ရမ္မက်​ဆန်​တဲ့အခိုးအ​ငွေ့​တွေလျှံ​နေ​လောက်​ရော​ပေါ့။​ရင်​ဘတ်​တစ်​လျှောက်​တို့ထိ​နေတဲ့လက်​အစုံကို ဖမ်းဆုပ်​လိုက်​တော့ ရယ်​သံမပီမသ သူမနှုတ်​ခမ်းလွှာကြားက လွင့်​ပျံ့လာခဲ့သည်​။

မဆီမဆိုင်​မြင်​နေမိတဲ့ ချယ်​ရီ​ရောင်​နှုတ်​ခမ်းဖူးဖူးတစ်​စုံ​ကြောင့်​ ခေါင်း​ကိုခါယမ်းပစ်​လိုက်​မိသည်​။ဒီ​လောက်​လေးနဲ့ ငါမူး​နေပြီလားလို့ ကိုယ့်​ကိုယ်​ကို ခနဲ့လိုက်​မိသည်​။

"အရင်​တွဲကရ​အောင်​"

သူ့အ​ပြောကို အလှ​လေးကအပြုံးသဲ့သဲ့နဲ့​ခေါင်းငြိမ့်​လက်​ခံလိုက်​တာမို့​ သူမရဲ့ခါးသွယ်​သွယ်​ကိုအမှီပြုပြီး ထိုင်​ခုံကထခဲ့လိုက်​သည်​။

လင်းလိုက်​မှောင်​လိုက်​ တောက်​ပတဲ့​ရောင်​စုံမီး​တွေ​အောက်​ကို အတင်းတိုးဝင်​ခဲ့ပြီး​နောက်​မှာ သူ့စိတ်​တွေကို ဟိုး​တောင်​ထိပ်​ဆီက​နေပစ်​ချလိုက်​သလို လွင့်​မျောထားလိုက်​သည်​။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now