Jungmin's Galaxy

14.1K 1.8K 164
                                    

တီ တီ တီ

Video Callခေါ်ဆိုနေသည့် အသံကြောင့် သားကိုအဝတ်လဲပေးနေရင်းတန်းလန်းမှပင် အမြန်ပြေးရသေးသည်။ ထင်သည့်အတိုင်းပင် မက်မွန်လုံးဆီမှဖြစ်နေတာမို့ Jungkook ဝမ်းသာသွားရသည်။

"Mommy ဆီကကွ"

ဘောင်းဘီမဝတ်ရသေးဘဲ ဒိုက်ပါကလေးတန်းလန်းနှင့်ရှိသေးသည့် သားဖင်လုံးလုံးလေးကို တစ်ချက်ပုတ်လိုက်ရင်း Jungkookပြောလိုက်မိသည်။

"ဘာတွေလုပ်နေတာလဲ"

Jiminရဲ့အသံလေးက ဖုန်းထဲကတစ်ဆင့် တိုက်ခန်းလေးထဲပျံ့လွင့်လာသည်။ အသံကိုပါမှတ်မိနေသည့် သားက Jiminအသံကြားသည်နှင့် ခေါင်းလေးကရှေ့လှည့်လာတော့သည်။

"ကြည့်ဦး ကြည့်ဦး အသံကြားတာနဲ့လိုက်ရှာတော့တာပဲ"

"သားရေ Jungmin"

ဟိုဟိုဒီဒီလိုက်ရှာရင်း နောက်ဆုံးဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေသည့်Jiminကို မြင်လိုက်သည်နှင့် ခပ်လုံးလုံးကိုယ်လေးကို ရှေ့ထိုးချကာ ဖုန်းကိုအတင်းဆွဲယူတော့သည်။

"နေ နေပါဦး ဟာ"

သားပြုတ်ကျမှာစိုးတာကြောင့် အမြန်လိုက်ထိန်းရင်း လက်ထဲကဖုန်းလေးခမျာ ကြမ်းပြင်ပေါ်အချပ်လိုက်လေး ကျသွားတော့သည်။

"ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"

ဖုန်းကိုပြန်ကောက်လိုက်ရင်း Jiminရဲ့ စိုးရိမ်ရိပ်သန်းနေသည့် မေးခွန်းတွေကို တရစပ်ဖြေရင်းကပင် သားကို သူထိုင်နေကျ ထိုင်ခုံအသေးလေးထဲထည့်လိုက်ရသည်။

"ဘာစားပြီးပြီလဲ"

"သားကိုခုမှကျွေးမှာ နည်းနည်းကြာရင် ကာကွယ်ဆေးသွားထိုးရမှာလေ"

"ကောင်းသားပဲ"

သားနဲ့Jimin တစ်ယောက်နဲ့တစ်ယောက် မြင်သာစေဖို့ ဖုန်းကိုမျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာ တင်ပေးလိုက်ပြီး သားအတွက် နေ့လည်စာကျွေးဖို့ ပြင်ရတော့သည်။

"မြင်ရလား ဘယ်သူလဲသိလား ဟုတ်ပါ့ ဘယ်သူကြီးလဲကွာ"

ဖုန်းထဲမှ Jiminရဲ့ချော့မြူမှုတွေ​ကြားတွင် တိုက်ခန်းတစ်ခုလုံး သားရဲ့ရယ်သံနဲ့စကားသံပိစိလေးတွေသာ ညံနေတော့သည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now