Now and Ever

23.9K 1.7K 270
                                    

"တင်း..တောင်"

အိပ်မောကျနေစဥ် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ ဘဲလ်သံကြောင့် Jiminလူးလွန့်သွားရသည်။ ဆက်တိုက်မြည်နေတဲ့အသံကြောင့် နောက်ဆုံးတော့ အိပ်ရာကထဖို့ပြင်လိုက်တော့သည်။

"Jungkook ah"

"ဟင်"

နံဘေးမှာအိပ်နေသည့် Jungkookလည်း ဘဲလ်သံကြောင့် နိုးသွားပုံရသည်။ ခေါ်သံကိုတချက်တည်းနှင့် ပြန်လည်ဖြေဆိုလာသည်။

"ဒီအချိန်ကြီး ဘယ်သူတွေလဲ"

အိပ်မှုန်စုံမွှားဖြင့် ကုတင်ပေါ်မှထလိုက်ပြီး အပြင်တံခါးသွားဖွင့်ဖို့ပြင်ရတော့သည်။ ကုတင်ပေါ်က နောက်ထပ်လှုပ်ရှားမှုကတော့ Jungkookပါ ထလာခြင်းဖြစ်သည်။

"သား နိုးပြီလား ကြည့်ထားလိုက်ဦး"

Jungkookကို ဦးအောင်မှာခဲ့လိုက်ရင်း အိပ်ခန်းထဲမှ Jiminထွက်ခဲ့လိုက်သည်။ မီးမဖွင့်ထားသော်လည်း ဘယ်နေရာမှာ ဘာရှိလဲဆိုတာကို သိနေပြီမို့ တံခါးဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့သည်။

"ဟင် ဒယ်ဒီ ဒီအချိန်ကြီးဘာလုပ်ဖို့လဲ"

အပေါက်ဝမှာ ရပ်နေတဲ့ ဖခင်ဖြစ်သူနဲ့ညီဖြစ်သူကိုကြည့်ရင်း Jimin နားမလည်သလိုမေးလိုက်မိသည်။

"ငါ့မြေးရော"

"ရှိတယ် ဝင်ခဲ့လေ"

နှစ်ဦးလုံး တိုက်ခန်းထဲဝင်ပြီးသည်နှင့် Jiminလည်း တံခါးပြန်ပိတ်ကာ နောက်မှအသာလိုက်ခဲ့လိုက်သည်။

"မီးဖွင့်ဦးလေ"

"အာ ဟုတ်ကဲ့"

ချလောက်။
ချက်ချင်းလင်းကျင်းသွားတဲ့ အခန်းကြောင့် မျက်လုံးအနည်းငယ်တော့ စူးသွားသည်။ နာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီရှိသေးသည်။

အိပ်ခန်းထဲမှ ထွက်လာသည့်Jungkookလက်တွေပေါ်မှာ သားပါ,ပါလာသည်။ ကြည့်ရတာ သားလည်းနိုးသွားပုံပဲ။ ငိုတော့ငိုမနေတာမို့ စိတ်တချက်အေးသွားရသည်။

"မြေးရေ"

အဖိုးဖြစ်သူက အသံပေးလိုက်တာမို့ Jungminလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ဒယ်ဒီ့ဆီရောက်သွားခဲ့သည်။ ပြီးသည်နှင့် ပွစာတက်နေသော ဆံပင်လေးများနှင့် မျက်လုံးတွေပါမှိတ်သွားသည်အထိ ရယ်ပြလေသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now