Little Spoon

18.2K 1.6K 99
                                    

Unicode Version

အသိပေးချက်။ ။ဤဇာတ်လမ်းတွင်ပါဝင်သော Omegaverseနှင့်ပတ်သတ်သည့် အကြောင်းအရာများကို စာရေးသူစိတ်ကူးဖြင့်သာရှေ့ဆက်ပါမည်။

"Jungkook~"

နာမည်ခေါ်သံတစ်ခု မပီမသထွက်လာသည်။အင်အားနည်းနည်းသုံးကာ မိမိထက်လူကောင်သေးသောသူအား နံရံမှာဆွဲကပ်လိုက်သည်။ထို့နောက် ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းထူထူတွေကို ကြည့်ရင်းနှုတ်ခမ်းသပ်မိသည်။အလိုအလျောက်ဆိုသလို ထိုနှုတ်ခမ်းသားများကို ညာဘက်လက်မနဲ့ဖိဆွဲကြည့်လိုက်တော့ နူးညံ့အိစက်လို့နေတာကို ခံစားသိရှိလိုက်ရသည်။

"ကိုယ်....နမ်းလို့ရမလား"

"အင်း"

ခွင့်ပြုချက်ရသည်နှင့် တရှိန်ထိုးနမ်းလိုက်သည်။အဆုတ်အတွက်လေမလုံလောက်သည်အထိ အပြင်းနမ်းရှိုက်မိသည်။နှုတ်ခမ်းနှစ်ခုကို ပြန်ခွဲမရလောက်တဲ့အထိ ပူထူနေအောင် နမ်းမိသည်။

လည်ပင်းဆီကို ဖက်တွယ်ထားတဲ့ Jimin ရဲ့လက်ချောင်းတွေက ဗျူဟာပြောင်းကာ ခေါင်းကဆံနွယ်တွေကြားတိုးဝင်လာသည်။ရေနည်းငါးတွေလို မြင့်ချည်နိမ့်ချည်ရင်အစုံနဲ့အတူ ဦးခေါင်းကဆံပင်တွေကိုဆွဲစုပ်ခံနေရခြင်းက  Jungkook တစ်ကိုယ်လုံးကို ပူလောင်စေလှသည်။

တဖြည်းဖြည်းနဲ့ ခေါင်းကပိုနာလာသည်။မဟုတ်သေးဘူး အဲ့လောက်အထိဆွဲနေတာကြီးက မဟုတ်သေးဘူးထင်တယ်။

"အား!"

Jungkook ဆံပင်တွေအုံလိုက်ဆွဲခံလိုက်ရသလိုခံစားချက်ကြောင့် ငုတ်တုတ်ထထိုင်လိုက်မိသည်။

"Jimin"

အိပ်ရာပေါ်ပြန်ငုံကြည့်လိုက်တော့ ထိုOmegaက လက်သီးဆုပ်ထားရင်း အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ဒါဆို ခုနကအကုန်လုံးက အိပ်မက်မက်နေတာပေါ့။wait! What whating! ဘာတွေဖြစ်ကုန်တာလဲ။သူက ထိုOmega ကြောင့် wet dreamတွေပါမက်နေပြီလား။

"ဒါပေမဲ့ ငါ့ခေါင်းက တကယ်ကြီးနာနေတာလေ"

Jungkook ကိုယ့်ခေါင်းကိုအသာစမ်းရင်း ရှုံ့တွသွားရသည်။နောက်မှ တခုခုကိုပြန်အမှတ်ရသွားကာ အိပ်ပျော်နေတဲ့ ကောင်လေးရဲ့လက်သီးဆုပ်ကို တိုးကပ်ကြည့်လိုက်သည်။အနက်ရောင်အမျှင်တွေ။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now