Annoying Omega

17.3K 1.8K 122
                                    

မီး​ရောင်​ခပ်​ဖျော့​ဖျော့လင်း​နေတာမို့ မျက်​နှာချင်းဆိုင်​မှာအိပ်​နေတဲ့ ဖြူနုနုမျက်​နှာ​လေးကို Jungkookရှင်းရှင်းလင်းလင်းမြင်​နေရသည်​။

မရည်​ရွယ်​ပါဘဲ​ပါးပြင်​မို့မို့ထက်​ဆီလက်​လှမ်းလိုက်​မိ​တော့ နိုးသွားမှာစိုးမိသည်​။လည်​ပင်းထိ​ရောက်​အောင်​ခြုံထားတဲ့​စောင်​ဖြူဖြူ​တွေဟာ သိပ်​ကိုချမ်း​အေး​နေလို့​တော့မဟုတ်​ပါ။

ဒီဗိုက်​က​လေးနဲ့​ရှေ့ဆက်​ရမဲ့​နေ့ရက်​တွေကို​တွေးမိပြန်​တော့ သက်​ပြင်းချမိသည်​။က​လေးသာရှိမ​နေခဲ့ရင်​ငါမင်းနဲ့ရင်းနှီးဖို့ ဦးဆုံးကြိုးစားမိမယ်​ထင်​။

​ဘေး​စောင်းထားတဲ့ကိုယ်​ကို အတည့်​ပြန်​လှည့်​လိုက်​ပြီး နဖူး​ပေါ်လက်​တင်​ရင်းကပင်​မျက်​နှာကြက်​ကိုအတန်​ကြာကြည့်​နေမိသည်​။တကယ်​ပဲ ဒီomegaက သူ့အ​ပေါ်မှီခို​နေ​တော့မှာလား။

ဒါ​ပေမဲ့လည်း​လေ သန်း​ခေါင်​ထက်​ညဉ့်​နက်​စရာ​တော့ မရှိ​တော့ဘူးမလား။က​လေး​မွေးပြီးတဲ့အခါကျ ကန်​ထုတ်​ပစ်​လိုက်​လို့ရ​နေတာပဲ​လေ။

ကိုယ့်​အ​တွေးနဲ့ကိုယ်​အ​ကျေနပ်​ကြီး​ကျေနပ်​နေတဲ့Jungkookတစ်​ယောက်​နဲ့ omegaငယ်​တို့ ဘယ်​လို​ရှေ့ဆက်​ကြမလဲ။

OGCC

"ဟင်း"

ဧည့်​ခန်းထဲကဆိုဖာ​ပေါ်မှာ​ခြေဆင်းထိုင်​ကာ ကျကျနနမုန့်​ထိုင်​စား​နေတဲ့ ဗိုက်​ကြောင့်​မသိမသာနှာ​ခေါင်းရှုံ့မိလိုက်​သည်​။ဇိမ်​ကိုကျ​နေတာပဲ မသိရင်​ကိုယ့်​အိမ်​ကိုယ့်​ရာလိုပဲ။

"ဘာလဲဟ"

​ဘေးက​နေဖြတ်​လျှောက်​ရင်း ငုံ့ကြည့်​မိ​တော့ ရှိသမျှသွားအကုန်​ဖြီးပြ​နေတာမို့ Jungkook စူပုပ်​လိုက်​မိသည်​။​စော​စောစီးစီး မျက်​စိထဲလုံးတုံးလုံးတုံးနဲ့။

​ရေခဲ​သေတ္တာထဲက လက်​ကျန်​စားစရာအချို့ကိုမြင်​တော့ ငိုချင်​မိပြန်​သည်​။ဟို​နေ့ကပဲ ဝယ်​ထည့်​ထားတာ​တွေ မနည်းမ​နောဥစ္စာ။မ​ကျေမချမ်းဖြစ်​သွားမိ​ပေမဲ့ ဘာလုပ်​လို့ရမှာလဲ။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now