Our Baby

16.7K 1.6K 96
                                    

ဒီ​နေ့ Jiminကို ဗိုက်​အပ်​ဖို့ချိန်းထားတဲ့ရက်​ဖြစ်​သည်​။အ​ပေါ်ထပ်​အင်္ကျီကို ဖြစ်​သလိုလျှို​နေတုန်းရှိ​သေးသည်​။ထိုဗိုက်​က​တော့ ကား​ပေါ်ကိုလုံး​နေ​အောင်​ပြေးတက်​သွားပြီးဖြစ်​၏။

တကယ်​ပဲ က​လေးထိန်း​နေရသလိုခံစားရသည်​။​တော်​သေးတယ်​ဒါ​တောင်​ဗိုက်​ထဲက အထီးအမ မသိ​သေးတာ​လေး​မပါ​သေးလို့။သူ့ဘဝ​လေးဟာ မ​တွေးရဲစရာ။

"သွားကြစို့"

အမြဲလိုလို လန်းဆန်းတက်​ကြွ​နေတဲ့ဗိုက်​လေးကို Jungkookအ​တော်​လေးပင်​လက်​ဖျားခါမိသည်​။ရုတ်​တရက်​သူ့ကိုယ်​သူကားမှန်​ထဲမှန်​ကြည့်​မိ​တော့ မျက်​လုံးနှစ်​လုံးက​ချောက်​ထဲကျ​နေပြီလားလို့​တွေးမိသည်​။​တော်​ပါ​သေးရဲ့ အဲ့​လောက်​ထိမဆိုး​သေးလို့။

"အပြန်​ကျရင်​ပူတင်းဝယ်​ကျွေးဦး"

"အင်း"

ကား​မောင်း​နေတာမို့ အင်း တစ်​လုံးသာ​ပြန်​ဖြေလိုက်​သည်​။မှိုရသွားတဲ့မျက်​နှာ​ကို တချက်​သာကြည့်​လိုက်​ပြီး နှာ​ခေါင်းရှုံ့လိုက်​သည်​။ချစ်​စနိုး​လေး​ပေါ့။တဆိတ်​လောက်​ငါဘာ​တွေလုပ်​နေမိတာလဲ?။

​ဆေးရုံဝင်းထဲ​ရောက်​တော့ သက်​ဆိုင်​ရာအ​ဆောင်​ကို​ဆေးရုံဝန်​ထမ်း​လေး​တွေကို​မေးပြီးသွားရသည်​။အိုးပူပူရဲ့ဖင်​ကို မျက်​နှာကပ်​ထားသလို Jungkookမျက်​နှာပူ​နေမိတာ ဘာ​ကြောင့်​လဲမသိ။Jiminက​တော့ သူ့​ဘေးမှာ လွယ်​နေကျကြိုးသိုင်းအိတ်​လေးကို ကိုင်​ရင်းဟိုဟိုဒီဒီမျက်​စိကစား​နေသည်​။

"လာ ဒီအ​ပေါ်တစ်​ထပ်​ဆို​ရောက်​ပြီ"

"​အော အင်း"

​ငေး​မော​နေဆဲလူသားလက်​ကိုဆွဲကာ​ဆေးရုံဝန်​ထမ်းညွှန်​ပြတဲ့လမ်းအတိုင်း တက်​လာခဲ့လိုက်​သည်​။တ​အောင့်​လောက်​နေ​တော့ သူတို့ရှာ​နေတဲ့ဆရာဝန်​ဆီ​ရောက်​လာခဲ့သည်​။

"​ဒေါက်​တာ Park Jiminနာမည်​နဲ့ ရက်​ချိန်းလုပ်​ထားပါတယ်​"

"ထိုင်​ပါ"

နှစ်​ယောက်​လုံး ထိုင်​ခုံမှာဝင်​ထိုင်​လိုက်​ရင်းက ဆရာဝန်​မေးတဲ့အချက်​အလက်​အချို့ကို စိတ်​လိုလက်​ရ​ဖြေကြရသည်​။ပြည့်​စုံ​လောက်​ပြီဆိုမှ စမ်းသပ်​ဖို့ပြင်​တော့သည်​။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now