I like me better when I'm with you

16.6K 1.6K 423
                                    

"ဒယ်ဒီ သတိရလာပြီ"

Hueningလေးက Jungminပိစိလေးကို လက်လွှဲချီယူလိုက်ရင်း Jiminတို့ကို အခန်းထဲဝင်သွားဖို့ အချက်ပြသည်။

"အဆင်ပြေမှာပါနော်"

Jiminစိုးရိမ်သလိုပြောလိုက်မိတော့ ခပ်ကြီးကြီးလက်တစ်ဖက်က သူ့လက်တစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာသည်။ ဘယ်သူရှိဦးမလဲ နှစ်ယောက်မရှိတဲ့ သူ့ရဲ့အကောင်းဆုံးAlphaပဲပေါ့။

"ဝင်ရအောင်"

"အင်း"

Jungkookရဲ့လက်ကို တဖန်ပြန်လည်ကျစ်နေအောင် ဆုပ်ကိုင်လိုက်ပြီး အခန်းထဲဝင်ခဲ့လိုက်သည်။ ဒယ်ဒီက သူတို့အားမြင်သည်နှင့် တဖက်ကိုမျက်နှာလွှဲသွားသည်။

"ဒယ်ဒီ"

"......"

ပြန်မဖြေတာမို့ Jimin ဝမ်းနည်းသွားမိသည်။ ထိုအခြင်းအရာကို ခံစားသိရှိပုံရတဲ့ Jungkookက လက်ကိုတချက်ဖျစ်ညှစ်ကာ အားပေးလာသည်။

"ဒယ်ဒီ ကျွန်တော်တောင်းပန်ပါတယ်"

"လုပ်ချင်ရာလုပ်ဦးမှာပဲမလား ဘာမှတောင်းပန်မနေနဲ့"

"အဲ့လိုမဟုတ်ပါဘူး ဒယ်ဒီ့အတွက် ကျွန်တော်ကဘာမှအကျိုးမပြုခဲ့ဘူး ဒီ့အပြင် အခုလိုတွေပါဖြစ်စေလို့ စိတ်မကောင်းမိတာပါ"

"ဘယ်တတ်နိုင်မလဲ ဝဋ်ပေါ့ မိသားစုထက်ပိုချစ်ရမဲ့သူရှိသွားတာကို"

ဒယ်ဒီက Jungkookကို မကြည်ကြည့်,ကြည့်ကာ ပြောလိုက်သည်။ လေသံအနေအထားကို ကြည့်ခြင်းအားဖြင့် ဒယ်ဒီ့ဒေါသတွေလျော့သွားတာကို Jimin သိလိုက်ရသည်။

"ဒယ်ဒီ~"

Jungkookလက်ကိုအသာလွှတ်စေလိုက်ပြီး ကုတင်ဘေးမှာ Jiminတင်ပါးလွှဲဝင်ထိုင်လိုက်သည်။ ဒယ်ဒီတောင် ဆံပင်တွေဖြူနေခဲ့ပြီ။

စိတ်ဓာတ်မာကျောပြီး စည်းကမ်းတင်းကျပ်တယ်ထင်ရတဲ့ ဒယ်ဒီဟာ မာမီမရှိတော့သည့်နောက်ပိုင်း သားနှစ်ယောက်ကို လိုလေသေးမရှိ ပြုစုပျိုးထောင်ပေးခဲ့သူ ကျေးဇူးရှင်ဥယျာဥ်မှူးပင်။

"ဒယ်ဒီ အရမ်းပင်ပန်းခဲ့ပြီးပါပြီ ကျွန်တော့်အတွက် သင့်တော်တဲ့အိမ်ထောင်ဖက်နဲ့ လက်ဆက်ပေးချင်တဲ့ ဒယ်ဒီ့မေတ္တာကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်"

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now