Way Back Home

12.8K 1.5K 188
                                    

"Jimin ကရော?"

"ဟျောင်းက သိပ်နေမကောင်းလို့ နောက်မှစားမယ်တဲ့"

Hueningရဲ့အဖြေစကားကြောင့် ဒယ်ဒီရဲ့မျက်ခုံးတွေက ကျုံ့စုသွားရသည်။ ထို့နောက် သူ့ကိုပါအကဲခတ်နေတာမို့ မသိမသာနှင့် တံတွေးတွေပါမြိုချနေရသည်။ နောက်မှ အကြည့်ပြန်လွှဲသွားကာ ညစာဆက်စားတော့မှ သက်ပြင်းခိုးချရတော့သည်။ သူ့မလည်း မလွယ်ပါလားနော်။

"မင်းအစ်ကိုကို သေချာစောင့်ကြည့်ထားဦး ပြန်ရောက်ကတည်းက တရှောင်ရှောင်ဖြစ်နေတာ မသင်္ကာတာနဲ့ ဆရာဝန်ဖြစ်ဖြစ်လှမ်းဆက်လိုက်"

"ဟုတ် ပြထားပါတယ် ဆရာဝန်ကတော့ကိုယ်ခံအားနည်းပြီး ရိုးရိုးနေမကောင်းဖြစ်တာပါတဲ့"

"ပြီးတာပါပဲ"

အလိမ်အညာတွေချည်း ပြောနေတာမို့ နောက်ကျောကမလုံချင်။ ဒယ်ဒီသာ ဟျောင်း ဟိုမှာ ကလေးရခဲ့တာသိရင် ဟျောင်းရော ဖုံးဖိပေးတဲ့သူ့ကိုပါ ဒီအတိုင်းထားမည်မဟုတ်။ တွေးပင်မတွေးရဲစရာ။ မတတ်နိုင်ဘူး နောင်ခါလာ နောင်ခါစျေးပဲပေါ့။

"ဟျောင်း အစာစားမှဖြစ်မယ် ဒီပုံစံအတိုင်းသာဆို ဒယ်ဒီရိပ်မိသွားလိမ့်မယ်"

လင်ဗန်းအသေးလေးနဲ့ အစားအသောက်တချို့ကို သေသေချာချာပင် ဟျောင်းကုတင်ဘေးက စားပွဲလေးပေါ်တင်လိုက်သည်။ ဟျောင်းကတော့ ခုချိန်ထိ အိပ်ရာထဲမှာ မှိန်းလို့နေဆဲ။

"ဟျောင်း ကျွန်တော်ပြောတာကြားလား နည်းနည်းဖြစ်ဖြစ် စားလိုက်ပါဦးနော် ဟျောင်း"

သူ့ရဲ့တောင်းဆိုစကားကြောင့် ဟျောင်းက ခပ်ဖြေးဖြေးချင်းထထိုင်လိုက်သည်။ ကြည့်ပါဦး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ဟျောင်းက တော်တော်လေးကို ပိန်ကျသွားတာပဲ။ စိတ်မချမ်းသာလိုက်တာ။

"ဟျောင်း အခန်းထဲမှာပဲ နေမနေပါနဲ့တော့ အပြင်လေးဘာလေးထွက်ပါဦး ဒီပုံစံနဲ့ဆိုဟျောင်းသေသွားလိမ့်မယ်"

Hueningရဲ့ ကလေးဆန်ဆန်စိုးရိမ်စကားလေးကြောင့် Jiminကခပ်ဖွဖွပြုံးလိုက်သည်။ ဖျော့တော့ကာဖြူစွတ်နေပြီဖြစ်တဲ့ နှုတ်ခမ်းတွေက စပ်ဖျင်းဖျင်းခံစားနေရသည်။ အရသာမရှိတဲ့အစားအသောက်တွေကို မှိတ်ကြိတ်ပြီး မြိုချရတာသိပ်တော့မလွယ်ကူလှ။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now